NEWS: လီဗာပူး ပစ်မှတ် ကြယ်ပွင့်အတွက် ပေါင် သန်း ၄၀ ရမှ ထွက်ခွင့်ပေးမယ့် နယူးကာဆယ်

နယူးကာဆယ်အသင်းက လီဗာပူး သဘောကျနေတဲ့ ညာတောင်ပံသမား အန်ကူဘူ မင်တက်ကို ရောင်းချပေးမှာဖြစ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကရာသီ နယူးကာဆယ်ကနေ ဖီယင်နုကို အငှားထွက်ကစားရင်း တောက်ပလာတဲ့ ၁၉ နှစ်သား တောင်ပံသမား အန်ကူဘူကို ဒီနွေမှာ ခေါ်ယူဖို့ သဘောကျနေတဲ့ ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။

နည်းပြ အာနယ်က မင်တက်ကို အသင်းဟောင်း ဖီယင်နုမှာ ကိုင်တွယ်စဉ်တည်းက သဘောကျခဲ့ရကာ ဥရောပရဲ့ အလားအလာအရှိဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်လာနိုင်သူလို့ မြင်ထားပါတယ်။

နယူးကာဆယ်ရဲ့ ကနဦး အစီအစဉ်ကတော့ နည်းပြအတ်ဒီဟောင်ရဲ့ ရာသီကြို ပြင်ဆင်မှုမှာ မင်တက်ကိုလည်း ပါဝင်စေဖို့ ဖြစ်ပါတယ်။ ဖီယင်နုမှာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ၆ ကြိမ် ဂိုးထောက်ပံ့ပေးခဲ့တဲ့ မင်တက်ဟာ အမြင့်ဆုံး အဆင့်တွေမှာ ကစားနိုင်စွမ်း ရှိနေပြီလို့ နယူးကာဆယ်က ယုံကြည်နေပါတယ်။

၂၀၂၃ နွေကမှ ဒိန်းမတ်ကလပ်ကနေ ပေါင် ၆.၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ မင်တက်ကို ဒီနွေမှာ နယူးကာဆယ်ကနေ ခေါ်ထုတ်လိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင် ၄၀ ထိ ပေးရမှာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်ကြောင့် အခက်အခဲ အချို့ရှိနေပါတယ်။ ဒါ့ကြောင့် ဝက်စ်ဟမ်းမှ ဘိုဝင်၊ ပဲလေစ့်မှ အိုလီဆီနဲ့ အက်သလက်တီကိုမှ နီကိုး ဝီလီယမ်တို့ကို ခေါ်ယူဖို့ရာ ကလပ်ကြယ်ပွင့် အချို့ကို ရောင်းချရဖို့ ရှိနေပါတယ်။