အင်္ဂလန်မှာ အကောင်းဆုံးပရိသတ် ရှိတဲ့အသင်းအကြောင်း မေးခံရချိန် လီဗာပူးလို့ ဖြေကြတဲ့ ရီးရဲလ်နဲ့ ဒေါ့မွန် ပရိသတ်များ

ဝင်ဘာလေမှာ ယှဉ်ပြိုင်သွားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမတိုင်ခင်မှာ အင်္ဂလန်ဘလော့ဂါတွေက နှစ်သင်းပရိသတ်တွေကို လိုက်လံ မေးမြန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

လူကြိုက်များတဲ့ မေးခွန်းကတော့ အင်္ဂလန်မှာ အကောင်းဆုံး ပရိသတ်ထုကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးအသင်းဆိုရင် ဘယ်အသင်းဖြစ်မလဲပါပဲ။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေက အကောင်းဆုံးပရိသတ်ရှိတဲ့ အင်္ဂလန်ကလပ်က လီဗာပူးအသင်းပါလို့ ဖြေဆိုခဲ့ကြပြီး မာဆေးဆိုဒ်ကလပ် ပရိသတ်တွေအပေါ် သူတို့ရဲ့ လေးစားမှုကို ပြသခဲ့ပါတယ်။

ကလော့ပ်ခေတ်မှာ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း မကြာခဏ ရင်ဆိုင်ခဲ့ရာက ဝမ်းနည်းစရာကတော့ အသင်းဟာ ရီးရဲလ်ကို တစ်ကြိမ်မှ အသာမရခဲ့သလို ဖိုင်နယ်မှာ ၂ ကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။

တူညီတဲ့ မေးခွန်းကိုပဲ ဒေါ့မွန်ပရိသတ်တွေကို လိုက်မေးကြချိန်မှာလည်း အားလုံးနီးပါးက လီဗာပူးအသင်းဟာ အင်္ဂလန်မှာ အကောင်းဆုံး ပရိသတ်ထု ရှိတဲ့အသင်းလို့ ဖြေဆိုပါတယ်။

ကလော့ပ်ခေတ်မှာ ဒီနှစ်သင်းဟာ ပွဲကြီးပွဲကောင်းအဖြစ် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ကြကာ လိုဗရန်ရဲ့ သွင်းဂိုးဖြင့် လီဗာပူးက ၄-၃ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည် ပါဝင်သွားမယ့် လီဗာပူးအသင်းဟာ ရီးရဲလ်၊ ဒေါ့မွန်တို့လို ပြိုင်ဘက်ဟောင်းတွေနဲ့ ထိပ်တိုက် ပြန်တွေ့နိုင်တာပဲ ဖြစ်ပါတယ်။