နယ်သာလန်က အိုက်စလန်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဗန်ဒိုက်က သွင်းဂိုး ၁ ဂိုး ရယူသွားပါတယ်။ အီဂျစ်အသင်းပွဲမှာ မိုဆာလာကလည်း သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဒီယက်ဇ်ကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ တကယ်တမ်း ကာလရှည် စိတ်ဝင်စားတာ မှန်ရင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ လိုမယ်လို့ လီဗာပူးသတင်းထောက်တွေက ဆိုပါတယ်။
ယူရို ၂၀၂၄ အဖွင့်ပွဲမှာ ဒီကလန်ရိုက်စ်နဲ့ ထရန့် ကွင်းလယ်အတွဲကို ထုတ်သုံးဖို့ နည်းပြဆောက်ဂီတ်က ပြင်ဆင်နေပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိ နွေစျေးကွက်မှာ လေဗာကူဆင် ကွင်းလယ်လူ ဝက်ဇ်ကို ချိတ်ဆက်သွားမှာ မဟုတ်ပါဘူး။
ရော်ဘတ်ဆန် ဒဏ်ရာကြောင့် စကော်တလန် လေ့ကျင့်ရေးကနေ အပြင်ကို ထွက်ခွာသွားတာမျိုး မြင်ရပေမယ့် ဒါဟာ ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ နည်းပြက ပြောပါတယ်။
အတ္တလန်တာ ကွင်းလယ်လူ အီဒါဆန်ကို လီဗာပူးဘက်က စောင့်ကြည့်မှု လုပ်ထားခဲ့တာ မှန်ပေမယ့် ဒီနွေမှာ ကမ်းလှမ်းမှုလုပ်မယ့် အရိပ်အယောင် လုံးဝကို မရှိသေးတာလို့ သိရပါတယ်။
လီဗာပူးအသင်းသားတွေထဲ လေ့ကျင့်ရေးမှာ အကြိုးစားဆုံး ကစားသမားက ကာတစ်ဂျုံးဖြစ်တယ်လို့ ဂျိုတာက ပြောပါတယ်။
ဂိုးသမား အတ်ဒရီယန်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်း မတိုးဘက် စပိန်ကို ပြန်သွားဖို့ပဲ အာရုံစိုက်နေပါတယ်။
လီဗာပူးအသင်းဟာ ကလပ်ရဲ့ backroom staff တွေကို ပြန်လည်ဖွဲ့စည်းမှု လုပ်နေပြီး အလုပ်ခေါ်စာတွေ ဆက်တိုက် ထုတ်ပြန်နေပါတယ်။