ငါတို့ ဝဋ် ပြန်လည်နေတာလို့ လီဗာပူးပရိသတ်များ ညီးညူ

ယူရို ၂၀၂၄ ပြိုင်ပွဲ စတင်တော့မှာဖြစ်ကာ အင်္ဂလန်အသင်းရဲ့ လှုပ်ရှားမှု ပုံရိပ်တွေက လီဗာပူးပရိသတ်တွေကို စိတ်မချမ်းသာစေပါဘူး။

လီဗာပူး ကြယ်ပွင့် ထရန့်နဲ့ ရီးရဲလ်မက်ဒရစ် စတား ဘယ်လင်ဟမ်တို့ဟာ အင်္ဂလန်အသင်းမှာ တပူးတွဲတွဲဖြစ်နေကြတာက ပရိသတ်တွေရဲ့ ရင်ကို အပူမီးတောက်စေပါတယ်။

လက်ရွေးစင်အသင်းမှာ အခင်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ ထရန့်နဲ့ ဘယ်လင်ဟမ်တို့ဟာ အရင်ကတည်းက အခုလိုပဲ တပူးတွဲတွဲ နေလေ့ရှိတာပါ။ ဘယ်လင်ဟမ် ဒေါ့မွန်မှာတုန်းကဆိုရင် အေးဂျင့်ထရန့်ကတော့ ကွင်းလယ်လူကို လီဗာပူးပြောင်းလာဖို့ စည်းရုံးနေတယ်လို့ ဝမ်းသာခဲ့ကြသေးတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ “ငါတို့တွေ ဝဋ်လည်နေပါပြီ အေးဂျင့်ဂျု့ဒ်ကြောင့် ရီးရဲလ်ကို ထရန့် မပါသွားဖို့ ရင်ပူနေရပါပြီ” လို့ လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးလာနေရတာပါ။

လီဗာပူးပရိသတ်တွေကတော့..

” လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျု့ဒ်ကို ခေါ်ယူနိုင်မလား မျှော်လင့်ချက်နဲ့ သူတို့ နှစ်ဦး ချစ်ချစ်ခင်ခင် ရှိနေတာကို ဝမ်းသာခဲ့ပေမယ့် ဘာမှမကြာလိုက်ဘူး ထရန့်ကို ရီးရဲလ်ခေါ်သွားဖို့ ဘယ်လင်ဟမ် ကြိုးစားနေသလား စိတ်ပူနေရပါပြီ။ ”

” အေးဂျင့် ထရန့်လို့ ပျော်နေရာက အေးဂျင့် ဂျု့ဒ်ဆိုပြီး စိတ်ပူနေရတော့မယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ”

” ဒီထရန့်တစ်ယောက် စာချုပ်သစ် လက်မှတ်မထိုးသ၍ ငါတော့ ညတိုင်း လန့်လန့်နိုးနေတော့မှာပဲ။ ”

” ဒီနှစ်ယောက် အဲ့လောက်ချစ်ပြနေကတည်းက Trent 2025 ဖြစ်လာဖို့ ဘယ်လင်ဟမ်က ကျိတ်ကြိုးစားနေလောက်ပါပြီ။ ” စသဖြင့် မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။