လီဗာပူးကစားသမားကို အများကြီး ချီးကျူးသွားတဲ့ အမ်ဘာပေ

ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကတော့ လီဗာပူးခံစစ်မှူး ကိုနတေးကို သားရိုင်းကြီးလို့ တင်စားခဲ့သလို ချီးကျူးစကား များစွာ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းမှာ ဒဏ်ရာ ပြဿနာတွေ မကြာခဏ ရတတ်ပေမယ့် ကိုနတေးဟာ ထိပ်တန်းအဆင့် ရောက်လာဖို့ အရည်အချင်းတွေ ရှိထားသူပါ။ သူ့ရဲ့ အရည်အချင်းကြောင့်ပဲ ပြင်သစ်ရဲ့ အဓိက ခံစစ်မှူးနေရာကို ရယူလာခဲ့တယ်။

အမ်ဘာပေက “ ကိုနတေးက သိပ်ကောင်းတဲ့ ကစားသမားနဲ့ လူကောင်းတစ်ယောက်ပါ။ သူနဲ့ပတ်သက်ပြီး ကွင်းထဲမှာ ရူးလောက်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ သူက ကိုယ် ကျော်ဖြတ်ဖို့ ရင်မဆိုင်လိုတဲ့ သားရိုင်းကြီးတစ်ယောက်လိုပဲ။

ကွင်းပြင်မှာတော့ သူက ခပ်ပျော်ပျော်နဲ့ ခင်မင်ဖို့ကောင်းသူတစ်ယောက်ပါ။ သူက ပြင်သစ်လူစာရင်းထဲကို ခပ်မြန်မြန်ပဲ အံဝင်သွားပါတယ် ” လို့ ချီးကျူးပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်ကို လီဗာပူးအသင်း ရှုံးခဲ့ပေမယ့် ကိုနတေးက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ ၂၀၂၂ ဇွန်လမှာ ကိုနတေးဟာ ပြင်သစ်အသင်းအတွက် စတင်ပွဲထွက်ပေးခွင့် ရခဲ့ပါတယ်။

အခုဆိုရင် ကိုနတေးက ပြင်သစ်အတွက် ၁၆ ပွဲ ကစားပေးထားပြီး ယူရို ၂၀၂၄ မှာ ပြင်သစ်ရဲ့ အဓိက ခံစစ်မှူးဖြစ်လာမယ့်သူပါ။

ဘာပေကပဲ “ ကိုနတေးကို ကြည့်ရတာ ပြင်သစ်အသင်းမှာ ရှိနေတာ ၁၀ နှစ်လောက် ရှိခဲ့သလိုပဲ။ တကယ်တမ်း သူအသင်းကို ရောက်လာတာ ၂ နှစ်ပဲ ရှိသေးတယ်။ အသားကျမြန်တာက သူ့ရဲ့ အကြီးမားဆုံး အားသာချက်ပါပဲ။

သူက အသင်းလူစာရင်းမှာ အရေးပါတဲ့သူပါ၊ စကားပြောဖို့လည်း တွန့်ဆုတ်မနေပါဘူး။ သူက သိပ်ကောင်းပါတယ်။ ဗာရန်ရဲ့ ခံစစ်နေရာကိုလည်း သူလွဲယူထားတယ်။ အသင်းရဲ့ ဗဟိုခံစစ်မှာက ပြိုင်ဆိုင်မှု ကြီးမားပေမယ့် ကိုနတေး ကျနော်တို့နဲ့အတူ ရှိနေတာ ပျော်ရွှင်မိပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ယူရိုမှာတော့ ထရန့်၊ ကိုနတေးတို့ဟာ အရင်ပြိုင်ပွဲတွေတုန်းကထက် ပိုမို နေရာရလာကြဖွယ် ရှိနေတာ ဖြစ်ပါတယ်။