၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် နွေအပြောင်းအရွှေ့ စျေးကွက်ဟာ ဒီကနေ့မှာ စတင် ဖွင့်လှစ်ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ လက်ထောက်အဖြစ် တာဝန်ယူမယ့် Sipke Hulshoff အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။
ဆော်ဒီဘက်က အယ်လီဆန်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘရာဇီးဂိုးသမားက လီဗာပူးမှာပဲ ဆက်နေဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ဟာ လိုင်လီ ခံစစ်မှူး ယိုရိုကို ဒီနွေမှာ ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း David Ornstein က ဖော်ပြလာပါတယ်။
အသက် ၁၉ နှစ်အရွယ် ခံစစ်မှူးကို ခေါ်ယူရေးမှာ ရီးရဲလ်မက်ဒရစ်က အားသာနေပေမယ့် ဒီအခွင့်အရေးကို လွဲပြောင်းယူနိုင်ဖို့ အင်္ဂလန်ကလပ်တွေဘက်က မျှော်လင့်လာတာပါ။
ဆော်ဒီဘက်ကကော လီဗာပူးဘက်က လူတွေပါ မိုဆာလာဟာ ဒီနွေမှာ အသင်းမပြောင်းဘဲ လီဗာပူးမှာပဲ ဆက်နေလိုကြောင်းကို နားလည်ထားကြပါတယ်။
ဆော်ဒီကလပ် Al Nassr အသင်းဟာ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခအမြင့်ဆုံး ခံစစ်သမားတစ်ဦး ဖြစ်စေမယ့် စာချုပ်မျိုးဖြင့် ကမ်းလှမ်းလိုနေပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆိုဘိုစလိုင်ဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အသက် အငယ်ဆုံးသော အသင်းခေါင်းဆောင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။
အန်ဖီးမှာ ပြုလုပ်တဲ့ Taylor Swift ရှိုးပွဲကို ယာဂင်ကလော့ပ်နဲ့ ဇနီးဖြစ်သူ အူလာတို့ နှစ်ဦး တက်ရောက် အားပေးခဲ့ကြပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်က ဘောလုံးပြက္ခဒိန်နှစ် တစ်ခုအတွင်း ကစားသမားတွေကို များစွာသော ပွဲတွေနဲ့ မတရား ဝန်ပိုစေတဲ့ ဖီဖာကို ဥပဒေရေးရာ ရင်ဆိုင်ဖို့ရာ ပါဝင် ပူးပေါင်းခဲ့ပါပြီ။