မက်ကော်နာကို ကလပ် ၅ သင်း စိတ်ဝင်စားနေခြင်း၊ ဆာလာကို ရောင်းထုတ်မှာ မဟုတ်ခြင်း၊ ဦးစားပေး ၃ ဦးနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ယာဂင်ကလော့ပ် စီနီယာအသင်းထံ ခေါ်ယူကာ ပွဲအချို့မှာ နေရာပေးခဲ့တဲ့ လူငယ် ကွင်းလယ်လူ မက်ကော်နယ်ကို ချန်ပီယံရှစ်ကလပ် ၅ သင်းလောက်က ခေါ်ယူလိုနေပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း ဆာဟင်ဟာ ဒေါ့မွန်အသင်း နည်းပြသစ် ဖြစ်လာခဲ့ပါပြီ။ ဆာဟင်ဟာ ရော်ဂျာလက်ထက်တုန်းက ရီးရဲလ်မက်ဒရစ်ကနေ အငှား လာကစားခဲ့သူ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်က သူ့မှာ ဒဏ်ရာ ပြဿနာ ရှိကြောင်း ဝန်ခံပေမယ့် အခုချိန်မှာ ခံစားချက်ကောင်းတွေ ရှိနေပါပြီလို့ ပြောပါတယ်။ ယူရို အဖွင့်ပွဲမှာ သူ ဦးဆောင်တဲ့ စကော့တလန်ဟာ ဂျာမနီအသင်းကို ၅-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယိုရိုကို ခေါ်ယူလိုနေပေမယ့် အခုချိန်ထိတော့ ပြင်သစ်သား ခံစစ်မှူးကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်က အရေးသာနေဆဲပါ။

ဒီနွေမှာ ဗဟိုခံစစ်မှူးနဲ့ တောင်ပံသမားတစ်ဦး ရရေးက လီဗာပူးရဲ့ ဦးစားပေးဖြစ်ကာ ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူးသစ်ကို သေချာပေါက် ခေါ်ယူပါမယ်။

ဂရာဗင်ဘက်ချ်ဟာ ကလော့ပ် လက်အောက်မှာထက် အာနယ် လက်အောက်မှာ ပိုပြီး အံဝင်မယ်လို့ ကစားသမားရဲ့ ဖခင်က ယုံကြည်နေပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း လယ်လာနာဟာ ဒီနွေမှာ ဘရိုက်တန်ကနေ ထွက်ခွာပြီး ဆောက်သမ်တန်ထံ ပြန်ရောက်သွားခဲ့ပါပြီ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ကွင်းလယ်မှာ ထရန့်၊ ရိုက်စ်၊ ဘယ်လင်ဟမ်တို့အတွဲကို ပွဲနေ့မတိုင်ခင် သီးသန့် လေ့ကျင့်မှုတွေ စီစဉ်ပေးနေပါတယ်။

လီဗာပူးအသင်းဟာ နံပါတ် ၆ သမား ခေါ်ယူရမယ်ဆိုရင် အန်ဒိုနဲ့ သူမသာကိုယ်မသာ အဆင့် ကစားသမားမျိုး ခေါ်ယူခြင်းထက် အများကြီးသာတဲ့ ထိပ်တန်းအဆင့်မျိုးကိုပဲ ရလိုတာဖြစ်ပါတယ်။

လီဗာပူးအသင်းက ဒီနွေမှာ ဆာလာကို လက်လွတ်သွားဖို့ ဆန္ဒ မရှိသလို အယ်လီဆန်ကလည်း လီဗာပူးကို စွန့်ခွာပြီး ဆော်ဒီလိဂ်ထံ ပြောင်းလိုခြင်း မရှိပါဘူး။

လီဗာပူးရဲ့ ဦးစားပေးဟာ ဗန်ဒိုက်၊ ထရန့်၊ ဆာလာတို့ကို အသင်းမှာ ဆက်ရှိနေအောင် စာချုပ်သစ်ပေးရေး ဖြစ်ပါတယ်။