

နည်းပြအာနယ်ဟာ ဒီကာလတွေအတွင်း အက်ဆာမှာ အသင်းရဲ့ အစဉ်အလာတွေနဲ့ အသင်းအကြောင်းကို လေ့လာမှု ပြုလုပ်နေပါတယ်။
ဘာစီလိုနာဟာ ဘီဘာအိုမှ နီကိုး ဝီလီယမ်ကို သဘောကျပေမယ့် လူးဝစ် ဒီယက်ဇ်ကိုပဲ ဦးစားပေးအဖြစ် သတ်မှတ်ထားဆဲပါ။ ဒီယက်ဇ်ဘက်ကတော့ ဘာစီလိုနာဘက်က စတင်မှုကို စောင့်ဆိုင်းနေပါတယ်။
လီဗာပူးအသင်းဟာ နီကိုး ဝီလီယမ်နဲ့ နီးစပ်သူတွေထံ ကစားသမားအတွက် ဆက်သွယ် စကားပြောမှု လုပ်ထားကြောင်း ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
ယူရိုမှာ ဖိအားတွေများနေတဲ့ ထရန့်ဟာ ဒိန်းမတ်ပွဲအပြီး မီဒီယာတွေက စကားပြောပေးဖို့ တောင်းဆိုခံရချိန်မှာ ပြန်ပြောပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယူရိုပြိုင်ပွဲအပြီးမှာတော့ လီဗာပူးနဲ့ ဘိုလော့ညာ ခံစစ်မှူး ကာလယ်ဖီအိုရီကြား သတင်းတစ်ခုခု ကြားရမယ်လို့ သတင်းထောက်တွေက မျှော်လင့်နေပါတယ်။
လူးဝစ် ဆွာရက်ဇ်ကတော့ ဒါဝင်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း အသင်းဖော်အပေါ် ထားတဲ့ သူ့ရဲ့ ယုံကြည်မှုကို ထုတ်ပြောပါတယ်။
လီဗာပူးအသင်း စိတ်ဝင်စားထားတဲ့ လိုင်လီ ခံစစ်မှူး ယိုရိုဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းလိုကြောင်း သူ့အသင်းကို အကြောင်းကြားထားပါပြီ။ ရီးရဲလ်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ပဲ ပေးလိုပြီး လိုင်လီကတော့ ယူရို သန်း ၆၀ ထိ ရလိုပါတယ်။
မိုဆာလာဟာ Gym ကစားလိုက် အနားယူလိုက်ဖြင့် သူ့ရဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့ကို ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။
ဟာဗေးနဲ့ မော်တန်တို့ဟာ နွေအားလပ်ရက်အတွင်း Ibiza မှာ တွေ့ဆုံခဲ့ကြသလို ကာတစ်ဂျုံးကတော့ အမေရိကန်ကို အပန်းဖြေ ထွက်နေပါတယ်။