လူငယ်တွေကို ဆက်တိုက် ချိတ်ဆက်လာကြခြင်း၊ ဥရုဂွေးမှာ ဂိုးထပ်သွင်းတဲ့ ဒါဝင်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

စကော့တလန် ၀-၁ ဟန်ဂေရီ အုပ်စုတွင်း နောက်ဆုံးပွဲအပြီး ရိုဘိုတို့အသင်း ယူရိုကနေ ထွက်ခွာရပေမယ့် ဟန်ဂေရီကတော့ အုပ်စု တတိယအဖြစ် နောက်အဆင့်ကို တက်ရောက်နိုင်နေဆဲပါ။

အသင်းဖော် Varga ကို ဆေးကုပေးဖို့ ဆေးအဖွဲ့က နှောင့်နှေးနေတာမို့ ဆိုဘိုစလိုင်ဟာ အပြင်ထိထွက်ကာ ထမ်းစင်ကို ခပ်မြန်မြန် သွားဆွဲလာပေးတဲ့ ဖြစ်ရပ်ဟာ သူ့ရဲ့ အသင်းခေါင်းဆောင် ပီသမှုအတွက် ချီးကျူးခံနေရပါတယ်။

ဥရုဂွေးက ပနာမားအသင်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒါဝင် နူးညက်စ်ဟာ ဒုတိယ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

စလိုဗေးနီးယားနဲ့ပွဲမှာ ဒဏ်ရာကြောင့် ထရစ်ပီယာ မပါနိုင်ရင် ဂိုးမက်စ် ပွဲထွက်နိုင်တယ်လို့ အသံထွက်လာပါတယ်။

နော်တင်ဟမ် ဖောရက်စ်က ကလယ်ဟာကို ခေါ်ယူလိုနေဆဲ ဖြစ်သလို လီဗာပူးကလည်း ကစားသမားအတွက် သတ်မှတ်တန်ကြေး ပေါင် ၃၅ သန်း ရလိုနေဆဲပါ။

လိုက်ဇစ်နဲ့ ဆဲလ်ဘတ်တို့ဟာ လီဗာပူး လူငယ်ကွင်းလယ်လူ ဘော်ဘီကလက်ကို အငှား ခေါ်ယူလိုနေပါတယ်။

တေလာမော်တန်ကို လီဗာပူးဘက်က အပြီးသတ် ထွက်ခွင့်ပေးရရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ထက် မနည်း​သော ပမာဏကို ရလိုနေပါတယ်။

လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ဟာ လီဗာပူး ဂိုးသမား အတ်ဒရီယန်ကို အလွတ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးဘက်က စိတ်ဝင်စားရိပ် ပြသထားတဲ့ နီကိုး ဝီလီယမ်ကို စာချုပ်ပါကြေး ပေါင် ၄၉ သန်းပေးပြီး ခေါ်ယူဖို့ ချယ်ဆီးဘက်က အားထုတ်နေပါပြီ။

ပေါ်တူဂီကလပ် Vitoria SC အသင်းက လီဗာပူး လူငယ်ဂိုးသမား မရိုးဂျက်အတွက် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။