

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ထရန့်ကို ဘယ်အစွန်လူ နေရာတွေမှာပါ ထားကစားနေပြီဖြစ်ပါတယ်။
နယ်သာလန်အသင်းအတွက် ဂက်ပို ဂိုးသွင်းပေးနိုင်ပေမယ့် ဩစတြီးယားကို ၂-၃ ဖြင့် ရှုံးနိမ့်တာကြောင့် အုပ်စု တတိယဖြင့်ပဲ ရှုံးထွက်ကို တက်ရောက်ဖွယ် ရှိပါတယ်။
အာဂျင်တီးနားက ချီလီကို ၁-၀ ဖြင့် အနိုင်ရတဲ့ ကိုပါအမေရိကပွဲမှာ မာကာဟာ ပွဲချိန်ပြည့် ပါဝင်ကစားသွားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လီဗာပူး၊ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့ဟာ ခံစစ်မှူး ယိုရိုအတွက် လိုင်လီအသင်းအား ချဉ်းကပ်မှု ပြုလုပ်ခဲ့ကြတယ်လို့ ရိုမန်နိုက ဆိုပါတယ်။
စလိုဗေးနီးယားပွဲမှာ ထရန့် ပွဲထွက်ခွင့်မရခဲ့ချိန် ပထမပိုင်း ၄၅ မိနစ်အတွင်း ရိုက်စ်၊ ဂါလယ်ဂါ၊ ဘယ်လင်ဟမ်တို့ ၃ ဦးပေါင်းမှ ပေးချက် ၂၃ ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။
ယာဂင်ကလော့ပ်က အသင်းဘောလုံး ပိုင်ထားချိန်မှာ ထရန့်ကို ကွင်းလယ် နံပါတ် ၈ ထဲ ဝင်စေတာက ကောင်းပေမယ့် အကောင်းဆုံး ညာအစွန်လူကို ဘာကြောင့် ကွင်းလယ်မှာ သွားထားရမှာလဲလို့ တုန့်ပြန်ခဲ့ဖူးပါတယ်။
ထရန့်ဟာ ယူရိုမှာ ၁၂၉ မိနစ်ပဲ ကစားထားရပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ အခွင့်အရေး ဖန်တီးမှုကို လိုက်မှီတဲ့ အင်္ဂလန်အသင်းဖော် တစ်ဦးမှ မရှိပါဘူး။
အင်္ဂလန်ကွင်းလယ်လူ အီဇီရဲ့ ကိုယ်စားလှယ်တွေထံ လီဗာပူးဘက်က ဆက်သွယ်မှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အီဇီဟာ တိုက်စစ်အားသန်ဖြစ်ပြီး ကွင်းလယ်နဲ့ ဘယ်တောင်ပံတွေမှာ ကစားသူဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တောင်ပံမှာ ကစားနိုင်သူကို အလိုရှိပေမယ့် စပိန်တိုက်စစ်သမား နီကိုး ဝီလီယမ်ကိုတော့ စိတ်ဝင်စားနေခြင်း မရှိဘူးလို့ သတင်းထောက် ဂျိမ်းစ်ပီယာ့ဇ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား ရောင်းချမှုကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၃ သန်းဖိုး ရှာဖွေဖို့ ရည်မှန်းနေပါတယ်။
ကာဗာရိုနဲ့ ဘော်ဘီကလက်တို့ကို ကလပ် အများအပြားက အလိုရှိနေပေမယ့် လီဗာပူးအသင်းကတော့ အာနယ် ဆလော့နဲ့ ရာသီကြို ပူးပေါင်းစေပြီးမှ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။