ဘွန်ဒက်လီဂါကလပ် မိန်ဇ့်အသင်းကတော့ ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ သူတို့အသင်းထံ အပြီးသတ် ပြောင်းလာလိုနေတယ်လို့ လူသိထင်ရှား ထုတ်ပြောလာပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီမှာ လီဗာပူးအသင်းကို ပြောင်းလာပြီးတဲ့နောက် နေရာမရခဲ့တဲ့ ဗန်ဒန်ဘတ်ဟာ ပရီစတန်၊ ရှော်ကေး၊ မိန့်ဇ်အသင်းတွေထံ အငှားထွက်ကစားခဲ့ရပါတယ်။
မိန့်ဇ်နဲ့ အငှား စာချုပ်မှာ နှစ်သင်း သဘောတူညီရင် အပြီးသတ် ခေါ်ယူခွင့် ပါဝင်ပေမယ့် လီဗာပူးဘက်က အပြီးသတ် ခေါ်ယူခွင့်မပေးခဲ့တာကြောင့် ဗန်ဒန်ဘတ်ဟာ မာဆေးဆိုဒ်ကိုပဲ ပြန်လာရမှာဖြစ်ပါတယ်။
မိန်ဇ့် အားကစားဒါရိုက်တာ Christian Heidel က “ ဆုံးဖြတ်ချက် လုပ်နိုင်တဲ့သူကတော့ ဆပ် (ဗန်ဒန်ဘတ်) ကိုယ်တိုင်ပါပဲ။ သူကလည်း မိန်ဇ့်မှာ ဆက်နေလိုပါတယ်။ ဒါကိုလည်း လူသိထင်ရှား ထုတ်ပြောထားတာပါ ” လို့ ပြောလာပါတယ်။
ခံစစ်မှူး ဗန်ဒန်ဘတ်က လီဗာပူးအသင်းဟာ သူ့ကို ယုံကြည်မှုတွေရအောင် လုပ်မပေးခဲ့ဘဲ သူ့အနာဂတ်ကို ဟန့်တားနေတယ်လို့ ထင်မြင်နေကြောင်း နယ်သာလန်သတင်းဌာန De Telegraaf ကနေ ပြောဆိုထားတာပါ။
လီဗာပူးဘက်ကတော့ ဗန်ဒန်ဘတ်ရဲ့ အပြောင်းအရွှေ့ကို တားဆီးသွားမှာ မဟုတ်ပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၂၀ တော့ရသင့်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။