ယူရို ပြုတ်သွားတဲ့ ဆိုဘို၊ လိုက်ဇစ်ရဲ့ ကမ်းလှမ်းမှု ပယ်ချခြင်း၊ အသင်းပြောင်းဖွယ်ရှိတဲ့ နက်ဖီးလစ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လိုက်ဇစ်အသင်းထံက မော်တန်ကို တစ်ရာသီအငှားဖြင့် ခေါ်ယူပြီး ရာသီကုန်မှာ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းလိုတဲ့ ကမ်းလှမ်းမှုကို လီဗာပူးအသင်းဘက်က ပယ်ချလိုက်ပါတယ်။

လီဗာပူးဘက်က မော်တန်ကို ရောင်းထုတ်ဖို့ စိတ်ဝင်စားရိပ် မပြသခဲ့သလို ပေါင် သန်း ၂၀ တန် စာချုပ်ရမှ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ရောင်းထုတ်ပေးဖို့ ကလပ်ဘက်က စဉ်းစားပေးမှာ ဖြစ်ပါတယ်။

နက်ဖီးလစ်ကို အငှားခေါ်ယူဖူးတဲ့ ကာဒစ်အသင်းဟာ ခံစစ်မှူးကို ဒီနွေမှာ ပြန်လည် ခေါ်ယူလိုနေပါတယ်။ လီဗာပူးဘက်ကတော့ အပြီးသတ် ထွက်ခွင့်အတွက် ကမ်းလှမ်းမှုကိုပဲ လက်ခံ စဉ်းစားပေးဖွယ် ရှိပါတယ်။

နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး အိုင်ဆက်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၁၅ သန်းအထိ စျေးသတ်မှတ်လိုက်ပါတယ်။

အာဂျင်တီးနားအသင်းဟာ မာကာကို ဖယ်ထုတ်မရတဲ့ အဓိက ကစားသမားအဖြစ် တန်ဖိုးထားနေပါတယ်။ မာကာဟာ ကိုပါမှာတော့ ကွင်းလယ် အတွင်းလူနေရာက ပိုမို ကစားလာနေတာ ဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ ဘိုလော့ညာ အသင်းတွေဟာ လီဗာပူး လူငယ်ခံစစ်မှူး ဗန်ဒန်ဘတ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးအသင်းဟာ ဝုဗ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကြယ်ပွင့် Alvin Ayman ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ဆိုဘိုစလိုင်ရဲ့ ဟန်ဂေရီအသင်းဟာ ယူရိုမှာ အုပ်စုတတိယ ရပေမယ့် အကောင်းဆုံး တတိယ ၄ သင်းထဲ မဝင်တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပါပြီ။

လီဗာပူး ခေါ်ယူလိုက်တဲ့ ဂိုးနည်းပြ Fabian Otte ဟာ ဂိုးသမားတွေကို ပိုတိုးတက်စေမယ့်သူအဖြစ် ထောက်ခံခြင်း ခံနေရပါတယ်။