အီတလီခံစစ်မှူးနဲ့ ကိစ္စ မပြတ်သေးခြင်း၊ အင်္ဂလန်ပွဲထွက်က ဖယ်ခံရမယ့် ထရန့်၊ ဂိုးသွင်းတဲ့ ဒီယက်ဇ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီယက်ဇ်ရဲ့ ကိုလံဘီယာအသင်းဟာ ကော်စကာရီကာကို ၃-၀ ဖြင့် အနိုင်ရခဲ့ပြီး ဒီယက်ဇ်ကလည်း အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူပါတယ်။

လီဗာပူးအသင်းဟာ ဘိုလော့ညာအသင်းမှ အီတလီ ကွင်းလယ်လူ ကယ်လာဖီအိုရီ ခေါ်ယူလိုနေကြောင်း အင်္ဂလန်သတင်းရင်းမြစ်တွေကပါ ဖော်ပြနေပါတယ်။

ဘိုလော့ညာက သူတို့ခံစစ်မှူးကို အီတလီပြင်ပကလပ်ထံပဲ ရောင်းချလိုပြီး ပေါင် သန်း ၄၀ ရလိုနေတာပါ။ စိတ်ဝင်စားစရာက လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ အီတလီဘောလုံးလောကကို စိတ်ဝင်စားသူဖြစ်ပါတယ်။

ဆလိုဗက်ကီးယားနဲ့ပွဲမှာ ထရန့်ဟာ ညာအစွန်မှာ ပွဲထွက်ရခြင်း မရှိခဲ့ရင် အရန်ခုံထိုင်ရမှာ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ မန်ချက်စတာ ယူနိုက်တက်မှ မိုင်နူးကိုပဲ ရွေးချယ်သွားတော့မယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းရဲ့ ဘယ်တောင်ပံမှာ ထရစ်ပီယာ မကစားနိုင်ရင် ဂိုးမက်စ်နဲ့ ဖြေရှင်းလို့ရပါတယ်လို့ ဝိန်းရွန်းနီက အကြံပေးလာပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ကာလအတွင်းမှာ ထရန့်နဲ့ ဟန်ဒါဆန်တို့ဟာ လီဗာပူးထံ ဘယ်လင်ဟမ် ပြောင်းလာဖို့ အလေးအနက်ကို သွေးဆောင်ခဲ့ကြတာလို့ အင်္ဂလန်ကစားသမားဟောင်း ကော်နာ ကိုဒီက ပြောပြလာပါတယ်။

အီဂျစ်အသင်းဟာ နွေအိုလံပစ်မှာ ဆာလာကို ရွေးချယ်ခွင့်ရဖွယ် မရှိဘဲ အီဂျစ်သားဟာ အာနယ် ဆလော့ရဲ့ ရာသီကြိုကို အပြည့်အဝ ပူးပေါင်းနိုင်ဖွယ် ရှိပါတယ်။

နယူးကာဆယ်အသင်းဟာ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် သူတို့ရဲ့ ကြယ်ပွင့် တစ်ဦးဦးကို မရောင်းချရင် အမှတ်လျော့ ပြစ်ဒဏ် ကျခံရတော့မှာပါ။ လီဗာပူးအသင်းက တိုက်စစ်သမား ဂေါ်ဒန်အတွက် စကားပြောလိုပေမယ့် နယူးကာဆယ်ဘက်က စကားပြော မခံပါဘူး။