ဆက်တိုက် ချိတ်နေတဲ့ မိန့်ဇ်၊ ဂေါ်ဒန်-ကွမ်းဆက် အလဲအထပ်ကို ပယ်ချခဲ့ခြင်း၊ အီတလီခံစစ်မှူးကို ချိတ်ဆက်ဖွယ် မရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဂျာမာန်ကလပ် မိန်ဇ့်အသင်းဟာ ဗန်ဒန်ဘတ်ကို ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းနဲ့ အကြိမ်ကြိမ် စကားပြောမှု လုပ်နေပေမယ့် ညိနှိုင်းခွင့်မရဖြစ်နေပါတယ်။

လီဗာပူးခံစစ်မှူး အားလုံးဟာ ယူရိုမှာ ပါဝင်ယှဉ်ပြိုင်နေတာကြောင့် ရာသီကြိုအတွက် စီနီယာခံစစ်မှူးမရှိတာကြောင့် ဗန်ဒန်ဘတ်ကို အခုချိန် ရောင်းချလိုက်ခြင်းဟာ စွန့်စားမှုအဖြစ် အသင်းဘက်က ယုံကြည်နေတာကြောင့် အပြောင်းအရွှေ့ကို လမ်းဖွင့်မပေးသေးပါဘူး။

နယူးကာဆယ်ဘက်က အန်တိုနီ ဂေါ်ဒန်ကို ခေါ်ယူနိုင်ကြောင်းနဲ့ သူတို့ဘက်က ကွမ်းဆက်ကို ပြန်ခေါ်ယူလိုတယ်လို့ လီဗာပူးဘက်ကို ဆက်သွယ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဂေါ်ဒန်ကို သဘောကျပေမယ့် ဘယ်ခြမ်းကစားသမား ၃ ဦးတောင် ရှိနေခြင်းနဲ့ ဗဟိုခံစစ်မှူး နည်းပါးနေခြင်းကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကက်တလန်သတင်းဌာနတွေက ဒီယက်ဇ်ကို ခေါ်ယူမယ့် သတင်းတွေကို ဆက်တိုက် ဖော်ပြနေသလို လီဗာပူးက အစားထိုးစရာ ရှာနေပြီလို့ ရေးသားလာပေမယ့် တိုက်စစ်သမားအတွက် ပေါင် ၇၅ သန်းကို ဘာစီလိုနာအသင်း ပေးချေနိုင်ဖွယ် မရှိပါဘူး။

ယူရိုမှာ ပြင်သစ်အသင်းနဲ့ နေရာမရဖြစ်နေခြင်းကို သင်ခန်းစာအဖြစ် ခံယူသွားမယ်လို့ အီဘူးက ဆိုပါတယ်။ အီဘူးဟာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် မနှစ်ကရာသီကုန်ခါနီးမှာလည်း ပွဲထွက်ခွင့်ကို ကွမ်းဆက်ထံ လက်လွတ်ခဲ့ရတာပါ။

အိုင်းရစ်ကလပ်ဟာ လီဗာပူး လူငယ်ဂိုးသမား ပီတာလူးဂါနဲ့ အငှားစာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားက ပီရူးကို ၂-၀ ဖြင့် အနိုင်ရတဲ့ ကိုပါအမေရိကပွဲမှာ မာကာကို အနားပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အီတလီခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီကို စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ ရိုမန်နိုက ပြောပါတယ်။