လီဗာပူးအသင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦးနဲ့ အင်္ဂလန် ကွင်းလယ်မှာ ထရန့် မအောင်မြင်ခြင်းရဲ့ သက်ရောက်မှု

လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်နေရာကို အဓိက အားဖြည့်မှုလုပ်မလဲ ချိန်ဆမှု လုပ်နေခဲ့ကာ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ်နဲ့ တောင်ပံတိုက်စစ်တွေထဲက တစ်နေရာအတွက် ငွေသုံးမှုကြီး လုပ်ဖို့ လျာထားပါတယ်။

ကလပ်ဟာ အာနယ် ဆလော့ရဲ့ ၄-၂-၃-၁ ကစားကွက်မှာ အဓိက ပွဲထွက်နိုင်မယ့်သူတွေကို အကဲဖြတ်နေသလို ဘယ်နေရာတွေမှာ လိုအပ်ချက်များသလဲ ရှာဖွေ စိစစ်နေပါတယ်။

မူလပလန်မှာတော့ ညာအစွန်မှာ ဘရတ်ဒလေကို သုံးဖို့ဖြစ်ကာ ထရန့်ကို ကွင်းလယ် ၂ ယောက်တန်းနေရာမှာ မာကာနဲ့ တွဲပေးလိုက်ဖို့ဖြစ်ပါတယ်။ လက်ကျန် ကွင်းလယ်လူ ၁ နေရာအတွက် ဆိုဘိုစလိုင်၊ ကာတစ်ဂျုံး၊ ဟာဗေး၊ ကာဗာရို၊ အန်ဒို၊ ဘာ့ဆဲတစ်၊ မော်တန်တို့ထဲက ရွေးချယ်မှာမျိုးပါ။

ဗဟိုခံစစ်မှူး နေရာမှာ ဗန်ဒိုက်၊ ကွမ်းဆက်၊ ကိုနတေး၊ ဂိုးမက်စ်တို့ ရှိနေပြီး ဘယ်အစွန်မှာတော့ ကိုစတက်နဲ့ ရော်ဘတ်ဆန်တို့ ရှိနေပါတယ်။ ဒါကြောင့်ပဲ ဘယ်ခြမ်း ခံစစ်မှူးနေရာကို အားဖြည့်ရေးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်း ကွင်းလယ်မှာ ထရန့် ရုန်းကန်နေရတာကြောင့် လီဗာပူးအသင်းကလည်း ကွင်းလယ်မှာ မာကာရဲ့ တွဲဘက်အဖြစ် ထရန့်ကို ထားနိုင်စွမ်းအား အလေးအနက် စဉ်းစားနေရပါတယ်။

အကယ်လို့ ထရန့်ကို ညာအစွန် ပြန်ပို့မယ်ဆိုရင် မာကာရဲ့တွဲဘက် ကွင်းလယ် နံပါတ် ၆ နေရာဟာ လိုအပ်ချက်ကြီးမားလာတော့မှာပါ။

လီဗာပူးအသင်း တိုက်စစ်မှာတော့ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်တို့ကို ဦးစားပေးအဖြစ် ရွေးချယ်လို့ရသလို အထောင်နေရာမှာ ဂျိုတာ၊ ဂက်ပိုတို့ ဝင်ကစားနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် လီဗာပူး တိုက်စစ်သမား ၅ ဦးထဲက ၄ ဦးဟာ ဘယ်ခြမ်း တောင်ပံနေရာ အားသန်သူတွေ ဖြစ်ကြပါတယ်။

လက်တလော လီဗာပူးအသင်းမှာ ဖြစ်နေတဲ့ မေးခွန်းက ထရန့်ကို ဘယ်နေရာမှာ သုံးမလဲ? ပဲဖြစ်ပြီး ထရန့် ကိုယ်တိုင်ကတော့ ကွင်းလယ် ထိန်းချုပ်သူနေရာကို ရယူလိုနေပါတယ်။

အင်္ဂလန်အသင်းက ထရန့်ကို အချိန်မပေးပေမယ့် လီဗာပူးကတော့ ကွင်းလယ်မှာ ထရန့်ကို အချိန်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ယူရိုအပြီး ရာသီကြို လေ့ကျင့်ချိန် တိုးတောင်ခြင်းက ထရန့်အတွက် အချိန်ပေးနိုင်စွမ်းကို အကန့်အသတ် ရှိနေစေပါတယ်။

အရာအားလုံးက လီဗာပူးအသင်းရဲ့ ရာသီကြိုမှာ ထရန့်ရဲ့ လုပ်ပြနိုင်စွမ်းပဲဖြစ်ကာ မာကာနဲ့တွဲဘက်ညီမယ်ဆိုရင် အသင်းရဲ့ ပြဿနာ အများအပြားကို ဖြေရှင်းပြီးဖြစ်ပါလိမ့်မယ်။

အာနယ်ရဲ့ ရာသီကြို ပွဲတွေအတွက် အကောင်းဆုံး ပွဲထွက် ၁၁ ဦး

အယ်လီဆန်၊ ဘရတ်ဒလေ၊ ဗန်ဒိုက်၊ ကိုနတေး၊ ရော်ဘတ်ဆန်၊ မာကာ၊ ထရန့်၊ ဆိုဘို၊ ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ။