စပို့တင်း ကွင်းလယ်လူ အူဂါတီဟာ ဒီတလောမှာ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အများကြီး ထွက်ပေါ်နေတာဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဘက်က သတင်းသစ်တစ်ခု ထုတ်ပြောလာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် အူဂါတီဟာ စပို့တင်းမှာ ၂ ရာသီ ကျင်လည်ခဲ့ပြီးနောက် ဒီနွေမှာ အသင်းပြောင်းတော့မှာ ဖြစ်ပါတယ်။ စာချုပ်ပါကြေး ယူရို သန်း ၆၀ ရှိထားတဲ့ ကွင်းလယ်လူကို လီဗာပူးအပြင် အခြားသော ကလပ်တွေကပါ ချိတ်ဆက်နေကြောင်း အေးဂျင့်ဖြစ်သူက ထုတ်ပြောလာခဲ့ပါတယ်။
အူဂါတီရဲ့ အေးဂျင့်ဖြစ်သူ Jorge Chijane က ပြောရာမှာ ” လီဗာပူးလား? စကားပြောမှုတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကလပ် တစ်သင်းတည်း မဟုတ်ဘဲ အခြားသော ကလပ်တွေကလည်း စကားပြောနေကြပါတယ်။
ကစားသမားအတွက် စကားပြောမှုတွေ အတော်လေး ရှိနေပေမယ့်လို့ ဘယ်အသင်းလဲ ဆိုတဲ့အကြောင်း ကျနော် မသေချာသေးပါဘူး။ ကလပ်တွေ အများကြီးက အူဂါတီကို ခေါ်ယူရေး ကမ်းလှမ်းလိုနေကြပါတယ်။
လာမယ့်ရာသီ စပို့တင်းမှာ အူဂါတီ ဆက်ရှိ မနေဖို့က များပါတယ်။ သူ ဒီကနေ ထွက်မယ်ဆိုတာ သေချာပါတယ်။ ၁၅ ရက်လောက်အတွင်းမှာ ဒီအခြေအနေကို ကျနော်တို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့ ဖြေဆိုခဲ့တာပါ။
လီဗာပူးဟာ လက်ရှိ ဝုဗ်ကွင်းလယ်လူ မက်သရုစ် နူးနက်ကို စောင့်ကြည့်နေကတည်းက အူဂါတီကိုလည်း ကင်းထောက်နေခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ဖာဘင်ညိုရဲ့ နံပါတ် ၆ နေရာအတွက် နောက်ထပ် ကစားသမား လိုချင်နေတာဖြစ်ပြီး အူဂါတီအပြင် ရီးရဲလ်မှ ချူအာမီနီ၊ ဆောက်သမ်တန်မှ လာဗီယာတို့ကိုလည်း စောင့်ကြည့်နေပါသေးတယ်။