

ဒီအပတ်ထဲမှာပဲ လီဗာပူးအသင်းရဲ့ ရာသီကြို ကနဦး လူစုဝေးမှု စတင်တော့မှာဖြစ်ပါတယ်။ လူငယ်ကစားသမားတွေနဲ့ စီနီယာအချို့ အက်ဆာမှာ ပြန်ပူးပေါင်းကြပါမယ်။
အန်ဖီးကွင်းမှာ မြက်ခင်းပြင် ပြန်ခင်းဖို့ ပြင်ဆင်နေပါပြီ။ Taylor Swift ရှိုးပွဲအပြီး အန်ဖီးမြက်ခင်းကို ၂ လအတွင်း အသစ်ပြန်စိုက်မှာဖြစ်ပါတယ်။
ဆလိုဗက်ကီးယားပွဲမှာ ထရန့်ကို ထည့်မသုံးခြင်းဟာ မတရားမှုအဖြစ် ဂယ်ရီနဗီးက မှတ်ချက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထရန့်ကို လူစာရင်းကနေ ထုတ်ဖို့ သူကပဲ တိုက်တွန်းခဲ့တာပါ။
သီယေဂိုနဲ့ မာတစ်တို့ ထွက်ခွာသွားခြင်းကြောင့် လီဗာပူးအသင်းဟာ တစ်နှစ်ကို လုပ်ခ ပေါင် ၁၅ သန်း သက်သာသွားပါမယ်။ ဒီလုပ်ခတွေဟာ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ကို သက်တမ်းတိုးရာမှာ ပြန်သုံးဖို့ အဆင်ပြေသွားမှာပါ။
အင်္ဂလန်တိုက်စစ်သမား ဆာကာက အနာဂတ်မှာ နည်းပြဖြစ်လာနိုင်တဲ့ အသင်းဖော် တစ်ဦးက ထရန့်ဖြစ်ပါတယ်လို့ ယူရိုမှာ မှတ်ချက်ပေးပါတယ်။
နယူးကာဆယ်အသင်းဟာ သူတို့အသင်း လူငယ်ကစားသမား ၂ ဦးကို ပေါင် ၆၅ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီဖြစ်လို့ ဂေါ်ဒန်ကို အရေးတကြီး ရောင်းချစရာ မလိုအပ်တော့ပါဘူး။
ကလော့ပ် မရှိတော့ပေမယ့် လီဗာပူးအသင်းရဲ့ ဝုဗ်အစွန်လူ Nouri အပေါ် စိတ်ဝင်စားနေမှုက ဆက်ရှိနေဆဲလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်က ယိုရိုကို ခေါ်ယူရေး လိုင်လီနဲ့ သဘောတူညီမှု မရမှဘဲ လီဗာပူး၊ ပီအက်စ်ဂျီအသင်းတို့ ခံစစ်မှူးအတွက် ကြားဝင် ချိတ်ဆက်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီနွေမှာ ကွမ်းဆက်ကို ခေါ်ယူလိုတဲ့ ကလပ်တွေရှိလာနေပေမယ့် လီဗာပူးအသင်းကတော့ အင်္ဂလန်ခံစစ်မှူးကို အသင်းမှာ စာချုပ်သစ်နဲ့အတူ ဆက်ထိန်းသွားမှာပါ။
ကစားသမား အလဲအထပ် ကိစ္စတွေမှာ ကာဗာရို၊ ကွမ်းဆက်တို့ကို ထည့်သွင်း စဉ်းစားမှာ မဟုတ်ပေမယ့် အသင်းရဲ့ ဂိုးသမား ကလယ်ဟာကို ထည့်သွင်းဖို့မျိုးကို လီဗာပူးဘက်က စဉ်းစားပေးဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ ဂေါ်ဒန်ကို သဘောကျပေမယ့် ဘယ်ခြမ်မှာ လူများနေလို့ အရေးတကြီး ခေါ်ယူသွားဖို့ အစီအစဉ် မရှိပါဘူး။