

၁ လကြာ အားလပ်ရက်တွေရခဲ့အပြီး မကြာခင်မှာတော့ လီဗာပူး အသင်းသားတွေ အက်ဆာကို ပြန်လာကာ အသင်းထံ သတင်းပို့ရတော့မှာ ဖြစ်ပါတယ်။
အဓိက ကစားသမားအများစုက ကိုပါအမေရိကနဲ့ ယူရိုပြိုင်ပွဲတွေမှာ ရှိနေသေးပြီး ဇူလိုင်လ အလယ်လောက်မှ အသင်းနဲ့ ပူးပေါင်းမှာပါ။ အချို့ ကစားသမားတွေကတော့ အခုအပတ်မှာပဲ အက်ဆာကို ပြန်ရောက်လာပါမယ်။
နည်းပြသစ် အာနယ် ဆလော့ဟာ ဒီအပတ်အတွင်း သူ့ရဲ့ ပထမဆုံး ရာသီကြို ပြင်ဆင်မှုအတွက် လူစုမှုကို စတင်သွားပါမယ်။ ကြားထားရတဲ့အထဲမှာ စီနီယာ ၁၀ ဦးဟာ လူငယ်တွေနဲ့အတူ ပူးပေါင်းကြမှာဖြစ်ပါတယ်။
အက်ဆာကို ရောက်လာမယ့် စီနီယာ ၁၀ ဦးကတော့ မိုဆာလာ၊ အန်ဒို၊ ကာတစ်ဂျုံး၊ ဟာဗေး၊ ကလယ်ဟာ၊ ကွမ်းဆက်၊ ဘရတ်ဒလေ၊ ကိုစတက်၊ ဘော်ဘီကလက်၊ ကာဗာရိုတို့ဖြစ်ပါတယ်။
နည်းပြအာနယ်ဟာ ဒီစီယာတွေကို ဗန်ဒုတ်၊ ဂျေဒန်ဒန့်စ်၊ လူးဝစ် ကူးမက်စ်၊ ကိတ်ဂေါ်ဒန်၊ ဘာ့ဆဲတစ်၊ တေလာ မော်တန်၊ မက်ကော်နာ၊ ဗန်ဒန်ဘတ်၊ လုခ်ချမ်ဘာတို့နဲ့အတူ ပူးပေါင်းကာ စတင် လေ့ကျင့်မှာပါ။ နက်ဖီးလစ်နဲ့ ရိုင်းဝီလီယမ်တို့လည်း ရာသီကြိုကို ပူးပေါင်းပါမယ်။
လီဗာပူးအသင်း နည်းပြအဖွဲ့ရဲ့ ဦးစားပေးဟာ တတ်နိုင်သလောက် ကစားသမားတွေကို စုစည်းကာ အာနယ် ရေရှည်အသုံးပြုနိုင်မယ့် နည်းစနစ်ကို ဖော်ဆောင်ရေးဖြစ်ပါတယ်။
ယူရိုနဲ့ ကိုပါပြိုင်ပွဲအပြီးမှာတော့ အသင်းကို ပြန်ရောက်လာမယ့် စီနီယာလူစာရင်း အပြည့်နဲ့အတူ အမေရိကန်ခရီးစဉ်အတွက် ပြင်ဆင်ကာ ဒီကာလတွေအတွင်း အသင်းလိုအပ်မယ့် ကစားသမား ခေါ်ယူမှုတွေကို အားဖြည့်သွားမှာဖြစ်ပါတယ်။