စပို့တင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူရေးအတွက် လီဗာပူးနဲ့အပြိုင် အက်စတွန်ဗီလာအသင်း ဝင်ရောက်လာဖွယ် ရှိနေပါပြီ။ ကွင်းလယ်လူဟာ ဒီနွေမှာ စပို့တင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းမှ မန်စီးတီး ကွင်းလယ်လူဟောင်း ရိုမီယို လာဗီယာကို စောင့်ကြည့်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘယ်ဂျီယံ ကစားသမားကို ခေါ်ယူလိုရင် ပေါင် သန်း ၅၀ ကျသင့်ပါမယ်။
ပိုချက်တီနိုက သူ့ရဲ့ ချယ်ဆီးအသင်းအတွက် ထောက်တိုင်တွေထဲမှာ မောင့်ပါဝင်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေကာ ကွင်းလယ်လူကို ဆက်ထိန်းဖို့အတွက် ချယ်ဆီးအသင်းကို မီးစိမ်းပြထားပါတယ်။
လီဗာပူးအသင်း လက်မြောက်ဘောဆိုင်ရာ နည်းပြက စီနီယာအသင်းနဲ့ သူ့ကို လေ့ကျင့်ချိန် ပိုပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကလော့ပ်က လက်မခံခဲ့ကာ ဒီနွေမှာတော့ နှစ်ဘက် လမ်းခွဲမှု ပြုလုပ်မှာဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်ဟာ သူတို့ရဲ့ ဂိုးသမား ယာယာကို လက်လွတ်ရရင် လီဗာပူးကနေ ကလယ်ဟာကို ပြန်လည် ခေါ်ယူပြီး ပထမဦးစားပေး ဂိုးသမားအဖြစ် အသုံးပြုဖို့ထိ ရည်မှန်းထားပါတယ်။
ဧပရယ်လအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ထရန့်က ရရှိခဲ့ပါတယ်။
လီဗာပူးအသင်း ကင်းထောက်တွေဟာ လီဂူးဝမ်းဘက်မှာ ခြေရှုပ်နေပြီး နိုက်အသင်းမှ ပြင်သစ်သား ခံစစ်မှူး တိုဒီဘို၊ ကွင်းလယ်လူ တူဟမ်တို့ရဲ့ ခြေစွမ်းတွေကို လိုက်လံ စောင့်ကြည့်နေပါတယ်။
ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ကစားသမား ရောင်းချမှုတွေ မပါဘဲ အသုံးစရိတ် ပေါင် သန်း ၁၀၀ အထက်ကို အသုံးပြုမယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေ ဖော်ပြလာပါတယ်။
အူဂါတီနဲ့ ချူအာမီနီတို့ နှစ်ဦးဟာ ဒီနွေအတွက် လီဗာပူးအသင်းရဲ့ ကွင်းလယ် ခံစစ် စောင့်ကြည့်စာရင်းထဲ ပါဝင်ထားတယ်လို့ သတင်းထောက် David Maddock က ဆိုပါတယ်။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အပြောင်းအရွှေ့ စာရင်းကို သေချာ ပြုစုနေတာကလွဲလို့ အခုချိန်ထိတော့ တရားဝင် ကိစ္စတွေ မစတင်လာသေးပါဘူး။
အသက် ၃၂ နှစ်အရွယ်ကို ရောက်လာပေမယ့် ဘောလုံးကို အမြင့်ဆုံး အဆင့်မှာ ကစားဖို့ နှစ်အနည်းငယ် ကျန်နေဦးမယ်လို့ ဟန်ဒါဆန်က ယုံကြည်နေပါတယ်။
လီဗာပူး လူငယ်ခံစစ်မှူး ကွမ်းဆက်ဟာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
လီဗာပူးအသင်း နိုင်ပွဲတွေ ဆက်တိုက်ယူနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်လာတယ်လို့ နယူးကာဆယ် တိုက်စစ်မှူး ဝဲလ်ဆန်က ဝန်ခံပါတယ်။