

နယ်သာလန်အသင်းကို ယူရိုပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထံ တက်နိုင်ဖို့ အဓိက နေရာက စွမ်းဆောင်ပေးနေတဲ့ ဂက်ပိုကတော့ တိုင်းပြည်ရဲ့ကြယ်ပွင့်အဖြစ် တင်စားခံနေရပါတယ်။
ဂက်ပိုဟာ ယူရိုမှာ ဒတ်ချ်အသင်းအတွက် အထူး တောက်ပနေပြီး ဘယ်တောင်ပံကနေ ပွဲထွက်ကာ သွင်းဂိုး ၃ ဂိုးထိ ရယူပေးထားပါပြီ။ ၁၆ သင်းအဆင့်မှာ ရိုမေးနီးယားအသင်းကို အဖွင့်ဂိုး သွင်းယူခဲ့တဲ့ သူ့ရဲ့ ဂိုးကလည်း တောင်ပံသမား တစ်ယောက်အနေနဲ့ အဆင့်အတန်း မြင့်မားလှပါတယ်။
တစ်နာရီကို ၁၂၁ ကီလိုမီတာနှုန်းဖြင့် ပြေးလွှားပြီး ခံစစ်သမားကို ကျော်ဖြတ်လို့ ပြိုင်ဘက်ဂိုးသမား နီတာ ဘာမှ မတတ်နိုင်အောင် အဆုံးသတ်ခဲ့တဲ့ ရိုမနေးနီးယားပွဲက သွင်းဂိုးကြောင့်ပဲ ပြိုင်ဘက်ကစားသမားတွေ ကြောက်ချေးပါအောင် လုပ်နိုင်သူလို့ တင်စားခံနေရတယ်။
“ ဘောလုံးလောကမှာ ပြိုင်ဘက် အစွန်သမားတွေထံ တိုးဝင်သွားပြီး သူတို့တွေ ကြောက်ချေးပါအောင် လုပ်နိုင်တဲ့ ကစားသမားမျိုး သိပ်မရှိလှပါဘူး။ ဒါပေမယ့် ဂက်ပိုကတော့ အဲ့လို လုပ်နိုင်စွမ်းရှိတဲ့သူပါ။ ” လို့ ဗန်ဒါဗတ်က ချီးကျူးပါတယ်။
နောက်ထပ် သုံးသပ်သူတစ်ဦးဖြစ်တဲ့ Pierre van Hooijdonk ကလည်း ” ဒီအသင်းမှာ ဂက်ပိုက စတားတစ်ဦးပါပဲ။ ကာတာကမ္ဘာ့ဖလားမှာလည်း သူ သက်သေပြခဲ့ပြီးပြီ အခုလည်း သူ စွမ်းဆောင်ပြနေပြန်ပါပြီ။
သူက ပရော်ဖက်ရှင်နယ်စစ်စစ်ပဲ။ ပီအက်စ်ဗီမှာ တောက်ပလာပြီး လီဗာပူးကို ရောက်သွားတဲ့ထိ တိုးတက်လာအောင် ကိုင်တွယ်နိုင်စွမ်းရှိတာက လူတိုင်း စံနမူနာယူသင့်ပါတယ်။ သူဟာ ဒတ်ချ်လက်ရွေးစင်အသင်းမှာ အတော်လေး ရိုးကျိုးတဲ့သူ ဖြစ်ပေမယ့် ကျနော်တို့ရဲ့ စတား ကစားသမားပါ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။