နည်းပြသစ် အာနယ် ဆလော့ဟာ ဒီအပတ် သောကြာနေ့မှာ အသင်းသား ၁၆ ဦးနဲ့အတူ ရာသီကြို စတင်တော့မှာဖြစ်ပါတယ်။
အာနယ် ဆလော့ဟာ လက်ရှိ လီဗာပူးလူစာရင်းကနေ အကောင်းဆုံးဖြစ်မယ် ကစားကွက်နဲ့ လူစာရင်းကို ရှာဖွေရမှာဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်ကို အထိုင်ထားမယ်လို့ သတင်းကြီးနေပါတယ်။
မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ ကလော့ပ်ကလုံးကို ရှာဖွေထားတာ မဟုတ်ပေမယ့် အာနယ် ဆလော့ဟာ ကလော့ပ် အသုံးပြုခဲ့တဲ့ လူစာရင်းနဲ့ ကစားကွက်ကို ဆက်ခံနိုင်ပြီး ကနဦးကာလမှာ အသွင်းပြောင်းမှု ကြီးကြီးမားမား လုပ်ဖွယ် မရှိပါဘူး။
The Athletic က နည်းစနစ်သမားတွေကတော့ နယ်သာလန်ကလပ် အေဇက်အသင်းကစပြီး အာနယ် ဆလော့ဟာ အောက်ပါ နည်းစနစ်ပိုင်း ထောက်တိုင် ၃ ခုနဲ့ပဲ လေ့ကျင့်ကြောင်း ဖော်ပြလာပါတယ်။
– ဘောလုံးပိုင်ဆိုင်မှုကို အမြန်ဆုံး ပြန်ထိန်းသိမ်းနိုင်ဖို့ရာ ဖိအားပေးခြင်းနဲ့ ကောင်တာ-ဖိအားခြင်းကို အရေးကြီးကိစ္စအဖြစ် အသားပေးပါတယ်။
– (Positional play) ကစားစေတာပါ။ ဒါမှပဲ ကစားသမားတွေက မတူညီတဲ့ ကစားဟန်အဆင့်တွေမှာ သူတို့ တာဝန်ယူရမယ့် နေရာတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။
– (Build-up play) ကစားစေတာပါ။ ခံစစ်ကနေ တိုက်စစ်ထိ ကစားကွက်တည်ဆောက်ဖို့ရာ အာရုံစိုက်စေတယ်။ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားပြီး သွင်းဂိုးအတွက် ကြိုးစားတဲ့ အသွင်ပြောင်းမှု အဆင့်တိုင်းကို ချောမွေ့စွာ လုပ်နိုင်ရေး ဖြစ်ပါတယ်။