ရာသီကြို တတိယမြောက်နေ့၊ ဘရာဇီး ကွင်းလယ်ကို စိတ်ဝင်စားခြင်း၊ တတိယဂိုး အစားထိုးခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အာနယ် ဆလော့နဲ့အတူ ရာသီကြို ပြင်ဆင်မှု တတိယရက်မှာ လီဗာပူး အသင်းသား ၃၀ ပါဝင်တဲ့ လေ့ကျင့်ရေး ရှိခဲ့ပေမယ့် မိုဆာလာကို ပြန်မမြင်ရသေးပါဘူး။

ဆလော့ရဲ့ ရာသီကြို အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ကစားသမားတွေ ခပ်ကြမ်းကြမ်း ကစားကြတဲ့ ပုံစံတွေကြောင့် ပရိသတ်တွေကြား မှတ်ချက်ပေးသံတွေ ဆူညံနေပါတယ်။ ဆလော့ဟာ ဖိအားပေးမှုတွေမှာ မာမာထန်ထန် လုပ်ဖို့ လမ်းညွှန်ထားဟန် ရှိပါတယ်။

ရာသီကြိုမှာ ကွင်းလယ်လူ တိုင်ရွန်နီနဲ့ တိုက်စစ်သမား ဂျေဒန်ဒန့်စ်တို့ အကောင်းဆုံး ပါဝင်နိုင်နေပြီး လာမယ့်ရာသီ ပထမအသင်းနဲ့အတူ ကျန်ခဲ့ကြဖို့ မျှော်လင့်ခံထားရပါတယ်။

လီဗာပူးအသင်းဟာ တူရကီကလပ် Trabzonspor အသင်းဘက်က နက်ဖီးလစ်အတွက် ကမ်းလှမ်းတဲ့ ယူရို ၅ သန်း ဝန်းကျင်ကို ပယ်ချလိုက်ပါတယ်။ အသင်းဘက်က အလိုရှိတဲ့ ပမာဏရဲ့ ထက်ဝက်ခန့်ပဲ ရှိထားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘရာဇီးလက်ရွေးစင် ဂျာအိုဂိုးမက်စ်ကို အတော်လေး သဘောကျထားပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှာ လက်ရှိ ကစားနေပါတယ်။

တတိယဂိုးသမား အတ်ဒရီယန်ဟာ လီဗာပူးရဲ့ သက်တမ်းတိုးစာချုပ်ကို တရားဝင် ငြင်းဆန်ကာ စပိန်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကရာသီ ဆဲလ်ဘတ်ကို ကျော်ပြီး ဩစတြီးယား ဘွန်ဒက်လီဂါဖလား အနိုင်ရခဲ့တဲ့ Sturm Graz မှာ အငှားထွက်ကာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဂျာရိုစ့်ကို လာမယ့်ရာသီ စီနီယာအသင်းအတွက် အစားထိုးမှာ ဖြစ်ပါတယ်။

ဂျာရိုစ့်ကို ဆဲလ်ဘတ်က ခေါ်ယူလိုသလို ချန်ပီယံရှစ်ကလပ် များစွာက စိတ်ဝင်စားပေမယ့် လီဗာပူးကတော့ အသင်းမှာပဲ ဆက်ထိန်းသွားတော့မှာပါ။

လိစ်ဒ်ယူနိုက်တက် တောင်ပံသမား ဆမ်းမားဗီလာဟာ အသင်း ဒီနွေမှာ ခေါ်ယူမယ့် ပစ်မှတ်ထဲ မပါဝင်ပါဘူး။

ကွင်းလယ်လူ သီယေဂိုဟာ ဘောလုံးကစားခြင်းက အနားယူသွားပါပြီ။ သူဟာ လီဗာပူးကနေ ထွက်ခွာပြီးတဲ့နောက် အသင်းသစ်နဲ့ ဘောလုံးလောကထဲ ပြန်ဝင်လာတော့မှာ မဟုတ်ပါဘူး။