တနင်္လာနေ့ Leicester v Liverpool ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်း

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ နယူးကာဆယ်၊ ယူနိုက်တက် ပွဲတွေ အပြီးမှ လက်စတာနဲ့ အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အဝေးကွင်း ရလဒ်တွေ မတည်ငြိမ်သလို လက်စတာက တန်းဆင်းဇုန် ရုန်းအားရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ့ဆခဲ့မယ်ဆိုရင် အသင်းဟာ နာကျင်စရာ ရလဒ်မျိုး ရင်ဆိုင်ရနိုင်တာမို့ အတော်လေး အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

ဒီပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းခဲ့ပါတယ်။

” လက်စတာကွင်းလယ်လူ မတ်ဒီဆန်က ဖူလ်ဟမ်ပွဲတုန်းက သူတို့အသင်း ခြေစွမ်းကို သူကို်ယ်တိုင် ဝေဖန်စကား ဆိုခဲ့တယ်။ ဘာဖြစ်လို့ အဲ့လိုပြောလဲ ကျနော် နားလည်တယ်။ ဒါပေမယ့် သူကိုယ်တိုင်က အဆုံးအဖြတ်ပိုင်းတွေမှာ ပြတ်ပြတ်သားသား မလုပ်နိုင်တာတွေ ရှိခဲ့ပါတယ်။ အဲဗာတန်က သူ့ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပါတယ်။

လက်စတာက ကွင်းပြင်မှာ စကားချည်း ပြောနေတာထက် ကွင်းထဲမှာ စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ဖို့ လိုနေတာပါ။ သူတို့က နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲရထားတဲ့ လီဗာပူးနဲ့ တွေ့မှာဖြစ်တာကြောင့် ခက်ခဲ့တဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မှန်းမျှော်နေတာ ဖြစ်ပါတယ်။

လီဗာပူးက အညှာအတာ မရှိ ကစားနေတယ်။ လက်စတာကတော့ ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်ရပါစေ ခံစစ်က ဂိုးတွေ ပေးနေရပါတယ်။ သူတို့ရဲ့ ခံစစ်က အခြေအနေ ဆိုးပါတယ်။

နှစ်သင်းလုံးက တိုက်စစ်ဖွင့်ကစားရင် ကစားပုံကောင်းကြတဲ့ အသင်းတွေဖြစ်လို့ ဒီပွဲက ဖျော်ဖြေမှု ရသ အပြည့် ပေးနိုင်မှာ ဖြစ်ပါတယ်။ လက်စတာက ဂိုးသွင်းမှာဆိုပေမယ့် လီဗာပူးက ဂိုးပိုသွင်းမှာပါ။ ဒီပွဲမှာ လီဗာပူး အနိုင်ရလဒ်ပဲ ရှိပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တယ်။

ဒီပွဲအတွက် ဆက်တန် ခန့်မှန်းရလဒ်ကတော့ လက်စတာ ၁-၃ လီဗာပူး ပဲ ဖြစ်ပါတယ်။