ချယ်ဆီး ကြယ်ပွင့်အတွက် အကယ်ဒမီ လုပ်ခကို ချိုးဖောက်ဖွယ်ရှိခြင်း၊ ဘာစီလိုနာမှာ နည်းပြလုပ်မယ့် သီယေဂိုနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ အင်္ဂလန်လူငယ်တန်းမှာ နာမည်အတော်ရနေတဲ့ ချယ်ဆီးအကယ်ဒမီထွက် ၁၆ နှစ်သား တောင်ပံသမား Rio Ngumoha ကို ခေါ်ယူနိုင်ရေး အကယ်ဒမီသမိုင်းမှာ အမြင့်ဆုံး လုပ်ခကို ပေးချေဖွယ်ရှိနေပါတယ်။

လီဗာပူးအကယ်ဒမီဟာ အသင်းသားတွေကို အမြင့်ဆုံးအားဖြင့် ၁ နှစ်ကို လုပ်ခ ပေါင် ၅ သောင်းထက် ပိုမပေးသလို သင်တန်းချိန်တွင်း ဖုန်းကို ပြင်ပမှာပဲ ထားရတဲ့ တင်းကြပ်တဲ့ အစဉ်အလာ စည်းကမ်းတွေရှိထားတာပါ။

ဆပ်ဗန်ဒန်ဘတ်ဟာ ရာသီကြို ကြံ့ခိုင်မှု စမ်းသပ်ခြင်းတွေမှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသနေပါတယ်။ ဂျာမနီမှာ ကစားနေစဉ် သူ့ရဲ့ နည်းစနစ်ပိုင်း အရည်အချင်းတွေလည်း တိုးတက်လာကြောင်း လီဗာပူးနည်းပြတွေက ယုံကြည်နေပါတယ်။

လီဗာပူးကြယ်ပွင့်အချို့ကို ချိတ်ဆက်တဲ့ ကလပ်တွေ ရှိထားပါတယ်။ လီဗာပူးဘက်ကတော့ ရာသီကြိုမှာ သူတို့ကို အခွင့်အရေး ပေးလိုတာကြောင့် ချိတ်ဆက်မှုတွေကို ပယ်ချထားပါတယ်။

လီဗာပူးအသင်းဟာ ပထမအသင်း နည်းပြရာထူးအတွက် အဲဗာတန် ကစားသမားဟောင်း ဟိုက်တင်ဂါကို ချိတ်ဆက် စကားပြောမှု ပြုလုပ်နေပါတယ်။

ပပ်လင်ဒါးနဲ့အတူ ဆဲလ်ဘတ်ကို ထွက်ခွာသွားတဲ့ ပထမအသင်း တိုးတက်ရေးဆိုင်ရာ နည်းပြဖြစ်သူ ဗစ်တာမားတိုစ့် နေရာအတွက်တော့ မန်စီးတီးအသင်း performance analyst ဟောင်း အာရွန်ဘရစ်ကို ချိတ်ဆက်နေပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ်ဘက်က ပေါင် သန်း ၁၀၀ လောက် အလိုရှိနေတဲ့ ဂေါ်ဒန်အတွက် အပြောင်းအရွှေ့ ကိစ္စ စကားပြောမှာ မဟုတ်ပါဘူး။

ကစားသမားဘဝ အနားယူသွားတဲ့ သီယေဂိုဟာ ဘာစီလိုနာအသင်း နည်းပြအဖွဲ့ဝင်ထဲ ပါဝင်လာဖွယ် ရှိနေပါတယ်။