

မာကာပါဝင်တဲ့ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်မှာ ကနေဒါကို အနိုင်ယူပြီး ကိုပါအမေရိကပြိုင်ပွဲ ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။
ဒီကနေ့ကစလို့ ဝါတာရု အန်ဒိုနဲ့ မိုဆာလာတို့ နှစ်ဦးဟာ အက်ဆာမှာ သူတို့ရဲ့ ရာသီကြို ပြင်ဆင်မှုကို စတင်သွားကြတော့မှာ ဖြစ်ပါတယ်။
ပြင်သစ် လီဂူး ၂ ကလပ် ဘော်ဒိုးအသင်းကတော့ ကလပ်ရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပေးဖို့ FSG အဖွဲ့နဲ့ အပြီးသတ် ဆွေးနွေးမှုကိစ္စတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
FSG ဟာ ဥရောပကလပ် တစ်သင်းအပြင် တောင်အမေရိက ကလပ် တစ်သင်းကိုပါ ဝယ်ယူသွားမှာဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။
FSG ဟာ သူတို့ အသစ်ဝယ်ယူတဲ့ အသင်းတိုင်းကို လီဗာပူးအသင်းနဲ့ တိုက်ရိုက် ချိတ်ဆက်မှာ မဟုတ်ဘဲ သီးသန့် လွတ်လပ်တဲ့ အုပ်ချုပ်မှုတွေ ဆက်ထားမှာ ဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်ဘက်က ဂိုးသမားသစ် ရသွားခဲ့ပြီမို့ ကလယ်ဟာကို ခေါ်ယူဖွယ် မရှိတော့ပါဘူး။ လီဗာပူးအသင်းဘက်က အိုင်းရစ် ဂိုးသမားကို ၁ ရာသီ ဆက်ထိန်းသွားဖွယ် ရှိလာပါတယ်။
အပြောင်းအရွှေ့ ဖြစ်လာနိုင်ခြင်းကြောင့် ဘော်ဘီ ကလက်၊ ရိုင်းဝီလီယမ်နဲ့ ကူမတ်တီယိုတို့ ၃ ဦးကို လီဗာပူးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှု အစီအစဉ်တွေကနေ ဖယ်ထုတ်လိုက်ပါပြီ။
မိန့်ဇ်နဲ့ ဝုဒ်ဘတ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို လီဗာပူး ငြင်းဆန်ခဲ့တဲ့နောက် နည်းပြ အာနယ် ဆလော့ဟာ လာမယ့်ရာသီအတွက် ဗန်ဒန်ဘတ်ကို အခွင့်အရေးပေးဖွယ် ရှိလာပါတယ်။
ချယ်ဆီးအသင်းဟာ ၁၅ နှစ်သား အကယ်ဒမီ တောင်ပံသမား ရီယိုကို ခေါ်ယူဖို့ လီဗာပူးအသင်း သဘောတူညီမှုရခဲ့ခြင်းကို စိတ်ဆိုးဒေါသထွက်နေပါတယ်။
၂၀၀၉ ခုနှစ်တည်းက လီဗာပူးအသင်းမှာ ရှိနေတဲ့ခဲ့တဲ့ ယူ-၂၁ ဂိုးသမား မက်မော်ရစ်ကို ရာသီကြိုမှာ ပထမအသင်းနဲ့အတူ ပါဝင်ဖို့ အသင်းဘက်က ရာထူးတိုးပေးခဲ့ပါတယ်။
ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကနေ ဂျာမနီကလပ် ဝုဒ်ဘတ်အသင်းကို အကယ်ဒမီ ဂိုးသမားဟောင်း Kamil Grabara ပြောင်းရွှေ့ခဲ့ခြင်းကနေ လီဗာပူးက ပေါင် ၂.၃ သန်း ခံစားခွင့်ရခဲ့ပါတယ်။