

အမူးသမားတွေ ရန်ကနေ ဥရုဂွေး ကစားသမားတွေရဲ့ မိသားစုဝင်တွေအတွက် ရှေ့ဆုံးကနေ ပါဝင် တိုက်ခိုက်ခဲ့တဲ့ ဒါဝင်ကို တောင်အမေရိက သတင်းထောက်တွေက ချီးကျူးမှုတွေရှိကြပေမယ့် တိုက်စစ်မှူးဟာ ရန်ပွဲမှာ ပါဝင်ခြင်းကြောင့် ပွဲပယ်ခံရနိုင်ချေ ရှိနေဆဲပါ။
ဒါဝင်ကို ပွဲပယ်ခဲ့မယ်ဆိုရင် ကာလရှည် ပွဲပယ်မှုဖြစ်လာနိုင်သလို ကလပ်အဆင့် ပွဲတွေထိပါ သက်ရောက်နိုင်ပါတယ်။
အမေရိကန် လက်ရွေးစင်အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ယာဂင်ကလော့ပ်ကို ချဉ်းကပ်နေပါတယ်။
မန်စီးတီးမှာ ၈ နှစ်ကြာ နည်းပြခဲ့တဲ့ စွမ်းဆောင်ရည် တိုးတက်မှုဆိုင်ရာ နည်းပြ အာရွန်ဘရစ်ဟာ လီဗာပူးနည်းပြအဖွဲ့ထဲ ရောက်လာခဲ့ပါပြီ။
လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ အားလပ်ရက် အနားယူနေစဉ် ကာလအတွင်း လက်ရွေးစင်နဲ့ ကလပ် အနာဂတ်ကို စဉ်းစားမယ်လို့ ထုတ်ပြောသွားပါတယ်။
ဘော်ဘီ ကလက်ကို အသင်းရဲ့ ရာသီကြို ပလန်တွေထဲမှာ ထည့်သွင်းမထားခြင်းဟာ အငှားထွက်ကစားမယ့် ကိစ္စကြောင့်ထက် မနှစ်ကရာသီ ဒဏ်ရာကနေ ပြန်သက်သာလာမှု မသေချာသေးခြင်းကြောင့် ဖြစ်နိုင်ဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး physical performance တွေထဲက တစ်ဦးလို့ နာမည်ရတဲ့ ပီတာနဲ့အတူ ကစားသမားတွေကို စတင် ဂရုစိုက်ပေးနေပါပြီ။
မနှစ်ကရာသီ ဖီယင်နုမှာ အာနယ် ဆလော့ရဲ့ အသင်းသားတွေ ပွဲကစားနိုင်စွမ်း ၉၀% ရှိဖို့ ပီတာက စွမ်းဆောင်ပေးခဲ့တာပါ။ နှိုင်းယှဉ်ပြရရင် မနှစ်ကရာသီမှာ အနည်းဆုံး ၁ ပွဲ လွဲချော်တဲ့ လီဗာပူး ကစားသမား ၂၂ ဦးရှိခဲ့ကာ စုစုပေါင်းဆိုရင် ၃၆၂ ပွဲစာ ပွဲမကစားနိုင်ခဲ့ပါဘူး။
လီဗာပူးဘက်က ဝုဗ် ဘယ်အစွန်လူ နိုရီကို ဒီနွေမှာ ခေါ်ယူရေး ကြိုးစားမယ်လို့ အသင်း သတင်းထောက် အချို့က မျှော်လင့်ထားခြင်း မရှိပါဘူး။
အီတလီသတင်းတွေမှာတော့ လီဗာပူးအသင်းဟာ အတ္တလန်တာ ကွင်းလယ်လူ ကုပ်မိုင်နားကို စိတ်ဝင်စားနေဆဲလို့ ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ လိုက်ဇစ် ကွင်းလယ်လူ အော်မိုကို ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကွင်းလယ်လူရဲ့ ဒဏ်ရာ မှတ်တမ်းကို အသင်းဘက်က သဘောမကျခြင်း ဖြစ်ပါတယ်။