ရာထူးသစ်အတွက် ခေါ်ယူနေခြင်း၊ လူငယ်တွေကို လေ့ကျင့်ရေးအတွက် ခေါ်ထားတဲ့ အာနယ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ‘Lead Data Scientist’ ရာထူးအတွက် လူသစ်တစ်ဦး ခေါ်ယူလိုကြောင်း အလုပ်ခေါ်စာ တင်ထားပါတယ်။ ဒီရာထူးဟာ ဒေတာသုတေသနပိုင်းမှာ အရေးကြီးတဲ့ ရာထူးကြီးတစ်ခုဖြစ်ပါတယ်။

ဂိုးသမား ကလယ်ဟာက လက်ရှိ ရာသီကြိုဟာ ကောင်းမွန်မှုရှိကြောင်းနဲ့ အာနယ်ရဲ့ လေ့ကျင့်ရေးတွေက ပြင်းထန်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဒါဝင် နူးညက်စ်တို့ရဲ့ ဥရုဂွေးအသင်းဟာ ကိုပါအမေရိက တတိယနေရာ လုပွဲမှာ ကနေဒါကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပါတယ်။

အာနယ် ဆလော့ဟာ လေ့ကျင့်ရေးမှာ အကယ်ဒမီ ကစားသမား အများအပြားနဲ့ ဆွေးနွေးစကားပြောမှု ပြုလုပ်ခဲ့သလို ကနဦးအဆင့် လေ့ကျင့်ရေးမှာလည်း လူငယ် အများအပြားကို ခေါ်ယူထားပါတယ်။

လီဗာပူးဘက်က ပဲလေစ့် ခံစစ်မှူး ဂူဟီနဲ့ ပတ်သက်လို့ လန်ဒန်ကလပ်ထံ ဆက်သွယ် မေးမြန်းမှု လုပ်ခဲ့ပေမယ့် ထပ်မံ ချိတ်ဆက်ခြင်း လုံးဝ မရှိတော့ဘူးလို့ အပြောင်းအရွှေ့ သတင်းထောက်တွေက ပြောပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီအသင်းအတွက် လူသစ်အချို့ ခေါ်ယူခဲ့တာကလွဲလို့ စီနီယာအသင်းအတွက် အပြောင်းအရွှေ့ ကိစ္စ မရှိကြောင်း ရိုမန်နိုက ဆိုပါတယ်။

တူရကီကလပ် Fenerbahce အသင်းက လီဗာပူး၊ အာဆင်နယ်တို့ သဘောကျကြောင်း အသံထွက်နေတဲ့ သူတို့ ကစားသမား Ferdi Kadioglu အတွက် ယူရို သန်း ၃၀ ဝန်းကျင် ရလိုပါတယ်။