

မာဆေးဆိုဒ်သတင်းတွေမှာတော့ လီဗာပူးအသင်းဟာ ဟိုက်တင်ဂါကို အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ မကြာခင် တရားဝင် ကြေညာမယ်လို့ ဆိုပါတယ်။
ကိုပါအမေရိက ဖိုင်နယ်ပွဲမှာ လူးဝစ် ဒီယက်ဇ်ရဲ့ ခြေစွမ်းဟာ ညံ့ဖျင်းလွန်းတယ်လို့ ကိုလံဘီယာ မီဒီယာတွေက ဝေဖန်ပါတယ်။
ဂါရတ်ဆောက်ဂိတ်က အင်္ဂလန်နည်းပြရာထူးကနေ နှုတ်ထွက်ခြင်း လုပ်မလုပ်ကို အများကြီး စဉ်းစားဦးမယ်လို့ ထုတ်ပြောလာပါတယ်။ ဆောက်ဂိတ် လက်ထက်မှာ လီဗာပူးကြယ်ပွင့်တွေဟာ အင်္ဂလန်ကို ကိုယ်စားပြုခွင့် အခွင့်အရေး နည်းပါးခဲ့ပါတယ်။
လီဗာပူး ကစားသမားဟောင်း ရှာကွီရီက လက်ရွေးစင် ကစားသမားအဖြစ်က အနားယူကြောင်း ကြေညာလိုက်ပါတယ်။
ယိုရိုကို ခေါ်ယူရေးကနေ နောက်ဆုတ်ခဲ့ရတဲ့နောက် လီဗာပူးအသင်းက လိုက်ဇစ် ခံစစ်မှူး မိုဆီမီကန်ကို ပြောင်းလဲ စိတ်ဝင်စားနေကြောင်း ရိုမန်နိုက ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ ပဲလေစ့် ခံစစ်မှူး ဂူဟီနဲ့ လေဗာကူဆင် ခံစစ်မှူး ဟင်ကာပီတို့ နှစ်ဦးလုံးကို ဒီနွေမှာ ချိတ်ဆက်ဖွယ် မရှိတော့ပါဘူး။
၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအပြီး WhoScored ရွေးချယ်တဲ့ အကောင်းဆုံး အသင်းထဲမှာ မာကာ ပါဝင်ခဲ့ပါတယ်။
၂၀၂၄ ယူရိုပြိုင်ပွဲအတွက် Sofascore ရဲ့ အကောင်းဆုံး အသင်းထဲမှာတော့ နယ်သာလန် တိုက်စစ်မှူး ဂက်ပိုကို ရွေးချယ်ခဲ့ပါတယ်။
အင်္ဂလန်နည်းပြသစ်ဖြစ်လာနိုင်တဲ့ ရေပန်းစား ၅ ဦးရဲ့ အပြင်ဘက်မှာတော့ ဂျရတ်နဲ့ လမ်းပတ်ကိုလည်း အင်္ဂလန်အက်ဖ်အေက လျာထားတယ်လို့ သိရပါတယ်။
လီဗာပူးအသင်း စောင့်ကြည့်မှု လုပ်ခဲ့ဖူးတဲ့ ဘင်ဖီကာ ကွင်းလယ်လူ ဂျာအို နီဗက်စ်ကို ပီအက်စ်ဂျီအသင်းက ယူရို ၇၅ သန်းနဲ့ စတင် ကမ်းလှမ်းမှု လုပ်တော့မှာ ဖြစ်ပါတယ်။