

လီဗာပူးအသင်းဟာ နည်းပြအာနယ် ဆလော့ လက်ထက် ရာသီကြို ဒုတိယ သီတင်းပတ်ကို စတင်နေပြီဖြစ်ကာ အကယ်ဒမီ ကစားသမား များစွာကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပူးပေါင်းဖို့ ခေါ်ယူထားပါတယ်။
ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေအတွင်း ကလပ်ရဲ့ အဓိက ကစားသမား များစွာကို လက်လွတ်ပေးထားရပေမယ့် ဒီရက်တွေအတွင်း စီနီယာတွေ ပြန်လည် ပူးပေါင်းမှု စတင်လာနေပြီဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ ဟန်ဂေရီ ကွင်းလယ်လူ ဆိုဘိုစလိုင်၊ စကော့တလန် ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ ချက်ဂိုးသမား ဂျာရိုစ့်တို့ဟာ အက်ဆာကို ပြန်ရောက်လာကြကာ အသင်းထံ သတင်းပို့ခဲ့ကြပါတယ်။
သူတို့ ၃ ဦးလုံးရဲ့ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေဟာ ယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေပဲ ပြုခဲ့ကြတာပါ။ အက်ဆာမှာတော့ ကနဦး ကြံ့ခိုင်မှု စစ်ဆေးခြင်းတွေကို physical performance နည်းပြဖြစ်တဲ့ ရူဘန်ပီတာစ့်နဲ့ စတင်နေကြပြီ ဖြစ်ပါတယ်။
Ready to get to work 💪 pic.twitter.com/3iuALM67Fw
— Liverpool FC (@LFC) July 16, 2024
အသက် ၂၂ နှစ်အရွယ် ချက်ဂိုးသမား ဂျာရိုစ့်ဟာ မနှစ်ကရာသီ ဩစတြီးယားကလပ် Sturm Graz အသင်းနဲ့ အမှတ်ပေးဖလား အောင်မြင်ခဲ့သူပါ။ သူဟာ ဒီရာသီမှာ အသင်းက ထွက်သွားတဲ့ အတ်ဒရီယန် နေရာ အစားဝင်ပြီး အသင်းရဲ့ တတိယဂိုးသမား ဖြစ်လာပါမယ်။
သူတို့ ၃ ဦးဟာ ဒီအပတ်ထဲမှာပဲ မိုဆာလာ၊ ကာတစ်ဂျုံး၊ ဟာဗေး၊ ကွမ်းဆက်၊ မော်တန်၊ ကာဗာရို၊ ကိုစတက်၊ ဘာ့ဆဲလ်တစ်၊ နက်ဖီးလစ်တို့နဲ့အတူ အသင်းလိုက် လေ့ကျင့်ရေးကို ပူးပေါင်းကြမှာဖြစ်ပါတယ်။