ဗန်ဒန်ဘတ် ပြောင်းရွှေ့ကြေး နီးစပ်လာခြင်း၊ လိုက်ဇစ် ခံစစ်မှူးနဲ့ အသံထွက်နေခြင်း၊ ထရန့်ကို ရီးရဲလ်ရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဘော်ဒိုးအသင်းရဲ့ ဘဏ္ဍာရေးကိစ္စတွေ ဖြေရှင်းဖို့ ခက်ခဲတာကြောင့် ပြင်သစ်ကလပ်ကို ဝယ်ယူရေး ကြိုးစားမှုကနေ FSG အဖွဲ့ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားမှုအတွက်နဲ့ ပူးပေါင်း ဆောင်ရွက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါကြောင်း ဘော်ဒိုးအသင်းဘက်က သတင်းထုတ်ပြန်ပါတယ်။

နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းဟာ လီဗာပူးခံစစ်မှူး ဗန်ဒန်ဘတ်ကို ယူရို ၁၆ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု လုပ်လိုပါတယ်။ အသင်းဘက်ကတော့ ယူရို သန်း ၂၀ ရလိုနေတာ ဖြစ်ပါတယ်။

စကိုင်းဂျာမနီ သတင်းထောက် Philipp Hinze က လီဗာပူးအသင်းနဲ့ အက်သလက်တီကို မက်ဒဂစ်တို့ဟာ လိုက်ဇစ် ခံစစ်မှူး ဆီမန်ကန်ကို ခေါ်ယူလိုကြောင်း ဖော်ပြလာပါတယ်။

ရော်ဘတ်ဆန်၊ ဆိုဘိုစလိုင်နဲ့ ဂျာရိုစ့်တို့ဟာ ယူရိုပြိုင်ပွဲအပြီး လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ကြပါပြီ။

ယာဂင်ကလော့ပ် နေရာပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ ဟာဗေး ဘလယ်ကို အာနယ် ဆလော့က မျက်စိကနေတယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ စာချုပ်အပေါ် စိတ်အေးလက်အေး ရှိနေဆဲပါ။ အခုချိန်ထိ စာချုပ်သစ် မပေးနိုင်သေးတဲ့ ဗန်ဒိုက်ရဲ့ စာချုပ်ဟာ ၁ နှစ်ပဲ ကျန်ရှိပါတယ်။

လီဗာပူးအသင်းဘက်က ပဲလေစ့်ခံစစ်မှူး ဂူဟီကိုကော ဒေါ့မွန် တိုက်စစ်သမား အာဒယ်ယာမီကိုပါ စိတ်ဝင်စားမှု မရှိဘူးလို့ မာဆေးဆိုဒ် သတင်းထောက် Ian Doyle က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ်နေရာ အစားထိုးဖို့ ယာဂင်ကလော့ပ်ကို ဆက်သွယ်ပေမယ့် ဂျာမာန်သားကြီးက လာမယ့် ၁၂ အတွင်း အသင်းတစ်သင်း ကိုင်တွယ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။

ပြင်သစ်ကို လှောင်ပြောင်တဲ့ အာဂျင်တီးနားအသင်းသားတွေရဲ့ ဗီဒီယို ထွက်ပေါ်နေကာ အဆိုပါ ဘက်စ်ကားအတွင်း မာကာ မပါဝင်ဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ခေါ်ယူဖို့ အတော်လေး သဘောကျလာနေပါတယ်။ ဒီသတင်းကို စပိန်သတင်းဌာနတွေက ပြီးခဲ့တဲ့လကတည်းက ဖော်ပြနေတာပါ။