ဒီကနေ့မှာတော့ အာနယ် ဆလော့ရဲ့ ပထမဆုံး ရာသီကြိုပွဲအတွက် ပရီစတန်အသင်းနဲ့ အက်ဆာမှာ ကွင်းပိတ် ခြေစမ်းသွားဖို့ ရှိပါတယ်။
လီဗာပူးအသင်းနဲ့ ယိုရိုကြား စကားပြောမှုအတွင်း ခံစစ်မှူးက ပုံမှန်ပွဲကစားခွင့် ပေးရမယ့် အချက်ကို တောင်းဆိုခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ အာနယ် ဆလော့ရဲ့ ပထမဆုံးရာသီမှာ နည်းပြစိတ်ကြိုက် လူစာရင်း ထုတ်ဖို့ကို ထောက်ခံထားပြီး ယိုရိုသေချာပေါက် ကစားရမယ်လို့ အာမခံချက် မပေးလိုခဲ့ပါဘူး။
လီဗာပူးအသင်းဟာ Anfield Road Stand အချောသပ်မှုကိစ္စတွနဲ့တကွ ရာသီသစ်အတွက် မြက်ခင်းသစ် ခင်းခြင်းတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
မက်ကယ်လစ္စတာရဲ့ ဖခင်ဖြစ်သူက သူ့သားဖြစ်သူနဲ့ ရီးရဲလ်မက်ဒရစ်ကြား အပြောင်းအရွှေ့ သတင်းတွေအတွက် ငြင်းဆန်မှု ပြုလုပ်ခဲ့ပါတယ်။
လက်တလော ရာသီကြိုအတွင်း အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေသူတွေထဲ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူး ဗန်ဒန်ဘတ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဆိုဘိုစလိုင်ဟာ ဒီနှစ်တောက်လျှောက်ကို ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန်နေရကြောင်း ဟန်ဂေရီဘောလုံးဥက္ကဋ္ဌက ပြောပါတယ်။ ဆိုဘိုဟာ လက်တလောမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနေပါတယ်။
နည်းပြအာနယ် ဆလော့ရဲ့ နည်းစနစ်မှာ သူအံဝင်လိမ့်မယ်လို့ ကွမ်းဆက်က ဆိုပါတယ်။ ကွမ်းဆက်ဟာ ရာသီကြို ပထမဆုံးရက်တည်းက ဗန်ဒန်ဘတ်နဲ့အတူ လေ့ကျင့်ရေး ဝင်နေခဲ့သူပါ။
ထရန့်ကို ခေါ်ယူနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို အသုံးပြု စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။
ခံစစ်မှူးဟောင်း မာတစ်ဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းထံ ရောက်ရှိသွားမယ် အသံကျယ်လောင်နေပါတယ်။
ဂျူဗင်တပ်ကနေ အလွတ်ဖြင့် ထွက်ခွာလာမယ့် ရာဘီရော့ကို ခေါ်ယူဖို့ ကလပ်တွေ ညိနှိုင်းကြဖွယ် ရှိပေမယ့် လီဗာပူး ပါဝင်ဖွယ် မရှိပါဘူး။
ဥရောပမှာက အပြောအဆိုပိုင်း ဂရုစိုက်ဖို့ လိုကြောင်းနဲ့ အန်ဇိုဟာ ပြင်သစ်သားတွေကို စော်ကားလိုစိတ် မရှိခဲ့သလို တောင်းပန်တာလည်း လုပ်ပြီးပြီဖြစ်ကြောင်း မာကာက ကာကွယ်ပြောဆိုပါတယ်။
ထရန့်၊ ဂိုးမက်စ်၊ မာကာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ဟာ အမေရိကန် ခရီးစဉ်မှာ ပွဲကစားခွင့် မရနိုင်ဘူးလို့ အသံထွက်နေပါတယ်။ သူတို့ဟာ လက်ရွေးစင်ပွဲတွေမှာ နောက်ဆုံး အဆင့်တွေထိ ရောက်ခဲ့တာမို့ ကြံ့ခိုင်ရေးအတွက် ဂရုစိုက်ခံရမှာ ဖြစ်ပါတယ်။