

လီဗာပူးအသင်းဟာ အက်ဆာမှာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းနဲ့ ခြေစမ်းခဲ့ပြီး တစ်ပွဲလုံးမှာ တစ်ကြိမ်တည်း ခွင့်ပြုခဲ့ရတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကနေ ဂိုးပေးခဲ့ရကာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲကို တက်ကြည့်ခဲ့တဲ့ လီဗာပူးသတင်းထောက်တွေရဲ့ အဆိုအရ အာနယ်ရဲ့ အသင်းဟာ ပိုင်ဆိုင်မှုပိုင်း ကောင်းမွန်တယ်၊ အခွင့်အရေးအချို့ လွဲချော်တယ်၊ ဂိုးသမား ဂျာရိုစ့် ရှေ့သိပ်တက်နေရာက ဂိုးပေးလိုက်ရတယ်လို့ ပြောပါတယ်။
လီဗာပူး ၀-၁ ပရီစတန် ဟိုက်လိုက်အတိုကိုပါ ပူးတွဲဖော်ပြပါတယ်။
Liverpool vs Preston highlights! ⚽️⤵️
— Killi🧉 (@KM_243_) July 19, 2024
နည်းပြအာနယ် ဆလော့ဟာ ၄-၃-၃ ကစားကွက်ကိုပဲ အထိုင်ထားခဲ့ပြီး တိုက်စစ်မှာ ဗန်ဒုတ်၊ ကာဗာရို၊ ဆာလာတို့ကို တွဲပေးခဲ့ကာ ဒုတိယပိုင်းမှာ ကူးမက်စ်၊ ဂေါ်ဒန်တို့ကို ကစားစေခဲ့ပါတယ်။
ခြေစမ်းပွဲအတွင်း အာနယ် ဆလော့ဟာ ကစားသမား ၂၅ ဦးအထိကို ပွဲထိတွေ့ခွင့်ပေးကာ အမေရိကန် ခရီးစဉ်အတွက် ပြင်ဆင်မှု စတင်ခဲ့တာဖြစ်ပါတယ်။
ရာသီကြိုပွဲမှာ ဂိုးသမား ကလယ်ဟာကို မထည့်သွင်းခဲ့တာ စိတ်ဝင်စားစရာဖြစ်ပြီး လူငယ်ကြယ်ပွင့် ဂျေဒန် ဒန့်စ့်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့လည်း လွဲချော်ပါတယ်။
နိုင်ငံအသင်းမှာ ဒဏ်ရာနဲ့ ကစားနေရကြောင်း သတင်းထွက်ထားတဲ့ ဆိုဘိုစလိုင်ဟာ ပထမပိုင်း ၃၃ မိနစ်စာပဲ ကစားခွင့်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဂျူဗင်တပ်ကနေ အလွတ်ဖြင့် ထွက်ခွာလာမယ့် ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိပါဘူး။ ကစားသမားကတော့ ပရီးမီးယားလိဂ်ဘက်က ကလပ်တွေရဲ့ အခေါ်ကို စောင့်နေပါတယ်။
ခံစစ်မှူး နီကိုး ဝီလီယမ်နဲ့ ကူမတ်တီယိုတို့ နှစ်ဦးဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားကြမှာဖြစ်ပါတယ်။