ပရီစတန်နဲ့ ကွင်းပိတ် ခြေစမ်းပွဲမှာ အာနယ် ထုတ်သုံးခဲ့တဲ့ လီဗာပူးအသင်းသား (၂၅) ဦး

လီဗာပူးအသင်းဟာ မနေ့က ညပိုင်းမှာ ကြံ့ခိုင်မှုဆိုင်ရာ စစ်ဆေးခြင်းနဲ့ နည်းစနစ်ပိုင်း စမ်းသပ်ခြင်းတွေအတွက် ရည်ရွယ်ပြီး ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။

ကစားသမားတွေကို ၄၅ မိနစ် ၂ ပိုင်း ကစားစေခဲ့ခြင်းဖြစ်ကာ အချို့ကတော့ ၁၅ မိနစ်နဲ့ ၃၃ မိနစ်တွေ ကစားခွင့်ရခဲ့ပြီး ပွဲချိန် အများဆုံး ၄၅ မိနစ်ပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၄-၃-၃ ပုံစံဖြင့် ပွဲထွက်ပြီး ဂိုးသမားနေရာမှာ မနှစ်က ဩစတြီးယားလိဂ်ကို အငှားထွက်ခဲ့တဲ့ ဂျာရိုစ့် တာဝန်ယူကာ ခံစစ်မှာတော့ ဘရတ်ဒလေ၊ ကွမ်းဆက်၊ ဗန်ဒန်ဘတ်၊ ကိုစတက်တို့ ပါဝင်ခဲ့ပါတယ်။

ကွင်းလယ်မှာ ဂျုံး၊ ဟာဗေး၊ ဆိုဘိုတို့ကို ထုတ်သုံးခဲ့ကာ ဘယ်ခြမ်းတောင်ပံမှာ ဗန်ဒုတ်၊ ညာခြမ်းမှာ ဆာလာနဲ့ အထောင်မှာ ကာဗာရိုတို့ကို အသုံးပြုခဲ့ပါတယ်။

လီဗာပူးပေးလိုက်ရတဲ့ ဂိုးကတော့ ဘရတ်ဒလေရဲ့ ဘောလုံးထိန်းသိမ်းပုံ လိုအပ်ချက်ကနေ ကိုက် ၄၀ အကွာက အဝေးကန်ချက်ဖြင့် ကန်သွင်းခံခဲ့ရတာပါ။ ဂိုးသမား ဂျာရိုစ့်ကလည်း ရှေကို သိပ်တက်နေခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးရတဲ့နောက်ပိုင်း ဆိုဘိုစလိုင်ကို ထုတ်ကာ အန်ဒိုဖြင့် လူစားလဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ဒိုကို ဆက်ထားပြီး ပွဲထွက်လူစာရင်း ၁၀ နေရာ အပြောင်းအလဲ လုပ်ခဲ့တယ်။

ဒုတိယပိုင်း လူစာရင်းဟာ ဂိုးသမား ဒေးဗစ်၊ ခံစစ်မှာ စတပ်ဆန်၊ နယ်လို၊ ဖီးလစ်၊ ချမ်ဘာတို့ဖြစ်ပြီး ကွင်းလယ်က အန်ဒို၊ ဘာ့ဆဲလ်တစ်၊ မော်တန်ဖြစ်ကာ မက်ကော်နယ်၊ ကူးမက်စ်နဲ့ ဂေါ်ဒန်တို့ကို တိုက်စစ်တင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ချမ်ဘာနေရာ အိုဝင်ဘက်၊ အန်ဒိုနေရာ နိုင်ယွန်နီနဲ့ ကူးမက်စ်နေရာ ဘလဲလ်တို့ကို ၁၅ မိနစ်စီ ထုတ်သုံးခဲ့ပါတယ်။

ပရီစတန်နဲ့ပွဲမှာ ဂိုးသမား ကလယ်ဟာကို မထည့်သွင်းခဲ့တာ စိတ်ဝင်စားစရာဖြစ်ပြီး လူငယ်ကြယ်ပွင့် ဂျေဒန် ဒန့်စ့်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့လည်း လွဲချော်ပါတယ်။