

အပြောင်းအရွှေ့ သတင်းထောက် အချို့က ဗန်ဒိုက်ဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမှာဖြစ်ပြီး မာဆေးဆိုဒ်ကလပ်ဘက်က ယူရို ၅၅ သန်း တောင်းဆိုမယ်လို့ ဖော်ပြလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ခေါ်ယူဖို့ အလျင်လိုမှာ မဟုတ်ဘဲ လီဗာပူးနဲ့ စာချုပ် အခြေအနေ ဘယ်လိုဖြစ်သွားမလဲ ရှင်းလင်းစွာ သိရဖို့ စောင့်ဆိုင်းမှာဖြစ်ပါတယ်။
ခံစစ်ပိုင်း အားဖြည့်ဖို့ လီဗာပူးအသင်းဟာ စပို့တင်း ခံစစ်မှူး အန်နာဆီယိုနဲ့ သတင်းတွေ ပြန်ထွက်နေပေမယ့် အသင်းသတင်းထောက်တွေကတော့ တုန့်ပြန်ပေးလာခြင်း မရှိသေးပါဘူး။
ကိုစတက်စ်ဟာ ဒီနွေမှာ လီဗာပူးအသင်းကနေ ထွက်ခွာဖွယ် မရှိသေးပါဘူး။ ဂရိဘယ်အစွန်လူအတွက် ကမ်းလှမ်းမှုတွေ ရောက်မလာခြင်းနဲ့အတူ အသင်းဟာ သူ့ကို ဆက်ထိန်းဖွယ် ရှိပါတယ်။
ယူ-၁၉ ပွဲစဉ်မှာ လီဗာပူးလူငယ်အသင်းဟာ တရားဝင် ကြေညာခြင်း မရှိသေးတဲ့ ရာသီသစ်အတွက် တတိယဂျာစီကို ဝတ်ဆင်ကစားခဲ့ပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆီးဗီးလာနဲ့ ခြေစမ်းပွဲဟာ လာလီဂါကလပ်ရဲ့ အခက်အခဲကြောင့် ပယ်ဖျက်သွားဖွယ် ရှိပါတယ်။
ပရီစတန်နဲ့ပွဲမှာ တိုက်စစ်မှူး ဂျေဒန်ဒန့်စ် မပါနိုင်ခဲ့တာဟာ အသေးစား ဒဏ်ရာ ပြဿနာကြောင့် ဖြစ်ပါတယ်။
ပရီစတန်ပွဲမှာ လီဗာပူးအသင်းဟာ အတိုပေးကို တတ်နိုင်သလောက် အမြန်ပေးဖို့ ဆိုတဲ့ အာနယ်ရဲ့ စနစ်ကို စတင် အသက်သွင်းခဲ့ပါတယ်။
တစ်ချက်ထိ၊ နှစ်ချက်ထိဖြင့် အဆုံးသတ်ပိုင်း ဇုန်တွေထဲကို အမြန်ဆုံး ရောက်အောင် သွားနိုင်ရေးနဲ့ အခွင့်အရေး ရှာဖွေရေးဆိုတဲ့ နည်းပြသစ်ရဲ့ အိုင်ဒီယာကို စတင် စမ်းသပ်ခဲ့တဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။
ခံစစ်မှူးဟောင်း မာတစ်ဟာ အလွန်ဆို ကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းထံ ရောက်ရှိသွားဖို့ နီးစပ်နေပါတယ်။