ရာသီသစ်အတွက် လူသစ်ခေါ်ယူခြင်း မရှိသေးတဲ့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းကတော့ လီဗာပူးနဲ့ ဖူလ်ဟမ်အသင်းတို့ပဲ ဖြစ်ပါတယ်။
ကူဘိုကို လီဗာပူးခေါ်ယူဖို့ နီးစပ်နေကြောင်း ဂျပန်သတင်းတွေက အားသွန်ခွန်စိုက် ဖော်ပြနေပေမယ့် ဥရောပ သတင်းထောက်တွေကတော့ အဲ့လောက် အခြေအနေမျိုး ရောက်ရှိနေတယ်လို့ မယုံကြည်ကြပါဘူး။
ကလပ် များစွာထံက စိတ်ဝင်စားမှု ရရှိပေမယ့် လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ကို လာမယ့်ရာသီအတွက် ဆက်ထိန်းသွားဖွယ် ရှိနေပါတယ်။
ဩဂုတ်လ ပထမအပတ်အထိ လီဗာပူးအသင်းဘက်က အပြောင်းအရွှေ့ လှုပ်ရှားမှုကြီး ပြုလုပ်သွားဖွယ် မရှိပါဘူး။
ချယ်ဆီး ကြယ်ပွင့် Rio Ngumoha ကို ခေါ်ယူရေး ကိစ္စမှာ ပရီးမီးယားလိဂ်ဘက်က အကယ်ဒမီအသင်းတွေအတွက် ပုံမှန်အတိုင်း အဆင့် ၅ ဆင့် စစ်ဆေးခြင်းကို ၄ ပတ်ကြာ ပြုလုပ်မှာဖြစ်ကာ အဲ့ကိစ္စတွေပြီးရင် လီဗာပူးအကယ်ဒမီကို ရောက်ရှိလာပါမယ်။
နည်းပြအာနယ်နဲ့ ဖုန်းကနေ စကားပြောမှု လုပ်ထားခဲ့တယ်လို့ ထရန့်က ပြောဆိုသလို နည်းပြသစ်၊ စနစ်သစ်နဲ့ အလုပ်လုပ်ရမှာကို စိတ်လှုပ်ရှားတယ်လို့လည်း ပြောဆိုပါတယ်။
ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri ကတော့ လီဗာပူးဟာ တိုက်စစ်သမား ဘာကာယိုကို အား စိတ်ဝင်စားနေဆဲဖြစ်ကာ ဩဂုတ်လထဲမှာ အပြောင်းအရွှေ့ စကားပြောမှု ရှိလာမယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းများစွာ ထွက်ခဲ့သလို အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဂေါ်ဒန်ကို နယူးကာဆယ်မှာ ပြန်လည် ကြိုဆိုသွားမှာဖြစ်ကြောင်း အတ်ဒီဟောင်က ပြောပါတယ်။
FSG နဲ့ ဘော်ဒိုးအသင်း တာဝန်ရှိသူတွေဟာ အရောင်းအဝယ် ကိစ္စ ပြန်လည် စကားပြောနေပြီလို့ သတင်းထွက်လာပေမယ့် အမေရိကန်အဖွဲ့ဘက်ကတော့ ဟုတ်မှန်ခြင်း မရှိဘူးလို့ ဆိုပါတယ်။