ကူဘိုအတွက် ဆွေးနွေးခြင်းမရှိ၊ အသုံးစရိတ် ရှိထားခြင်း၊ ဆာလာ-ဗန်ဒိုက်ကို ရောင်းထုတ်မှာ မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဖူလ်ဟမ်အသင်းဟာ အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုးကို ခေါ်ယူဖို့ သဘောတူညီမှု ရတော့မှာဖြစ်တာကြောင့် လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် အင်အားဖြည့်ခြင်း မရှိသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ် ဖြစ်လာပါမယ်။

လီဗာပူးအသင်းမှာ မိုဆာလာရဲ့ အချိန်တွေ ကုန်ဆုံးလာနေပါပြီ။ ဒီနွေမှာ လီဗာပူးအသင်း တောင်ပံပိုင်းကို အာရုံစိုက် ရှာဖွေနေတာဟာ ဆာလာနေရာ ရေရှည် အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။

နည်းပြအာနယ် ဆလော့က လက်ရှိ သူ့ရဲ့ အသင်းမှာ နံပါတ် ၆ နေရာ လိုအပ်ချက် ကြီးကြီးမားမား ရှိတယ်လို့ မြင်ထားပါတယ်။

လီဗာပူးတာဝန်ရှိသူတွေဟာ နည်းပြအတွက် ကွင်းလယ်လူကို အဓိက အားဖြည့်ပေးဖို့ ကြိုးစားလာမှာဖြစ်ပြီး ဗဟိုခံစစ်မှူးနေရာ အားဖြည့်ခဲ့ရင် ပွဲထွက်လူစာရင်းထဲ ချက်ခြင်းထည့်မယ့်သူမျိုး ဖြစ်လာဖွယ် မရှိပါဘူး။

ဒီနွေစျေးကွက်မှာ ထိပ်တန်းကစားသမား ခေါ်ယူဖို့ လီဗာပူးအသင်းမှာ အသုံးစရိတ် ရှိထားပါတယ်။

လီဗာပူးအသင်းဟာ မိုဆာလာနဲ့ ဗန်ဒိုက်တို့ကို ဒီနွေမှာ ရောင်းထုတ်ဖွယ် မရှိဘဲ သက်တမ်း မတိုးနိုင်ခဲ့ရင် ၂၀၂၅ နွေမှာ အလွတ်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။

ကလော့ပ် လက်ထက်က ကောင်တာ-ဖိအားပေးမှုကနေ ချက်ခြင်းကြီး အသွင်ပြောင်းဖို့ ခက်ခဲနိုင်ပေမယ့် လီဗာပူးအသင်းဟာ လေ့ကျင့်ရေးတွေမှာ pass & move ကို အတော်လေး အားပြုနေပါတယ်။

ဘယ်အစွန်လူ လုခ်ချမ်ဘားဟာ အမေရိကန် ရာသီကြိုအပြီးမှာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းကို အငှားထွက်ပါမယ်။ ချန်ပီယံရှစ်ကလပ်တွေကလည်း လိုချင်ပေမယ့် ပွဲကစားခွင့် သေချာတဲ့ ဝီဂန်ကို ရွေးချယ်တာပါ။

ဘွန်ဒက်လီဂါကလပ် ဟော့ဖန်ဟိန်းအသင်းဟာ ဗန်ဒန်ဘတ်ကို ခေါ်ယူရေး ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ခဲ့ပါတယ်။

ရီးရဲလ်ဆိုစီဒက် ဥက္ကဋ္ဌ ကိုယ်တိုင်က ကူဘိုအတွက် မည်သည့်ကလပ်နဲ့မှ ဆွေးနွေး စကားပြောနေခြင်း မရှိဘူးလို့ အတည်ပြုပါတယ်။