လူသစ်ခေါ်ဖို့ ကြိုးစားနေခြင်း၊ လူငယ်အချို့ကို ရှင်းထုတ်ဖို့ ပြင်ဆင်နေခြင်း၊ ဂျိုတာ ပြန်လည် ပူးပေါင်းခြင်း၊ ရိုဘို ရာသီကြိုပွဲ လွဲချော်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ကြိုးစားအားထုတ်နေကြောင်း နည်းပြအာနယ်က ထုတ်ပြောခဲ့ကာ လူသစ်ခေါ်ယူမှုတွေ ရှိမယ်လို့ အသိပေးပါတယ်။

ယူရိုအပြီး အားလပ်ရက်ရနေတဲ့ တိုက်စစ်သမား ဂျိုတာဟာ အမေရိကန်မှာပဲ လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အမေရိကန် ရာသီကြိုပွဲစဉ် ၃ ပွဲလုံးမှာ ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ကစားခွင့်ရမှာ မဟုတ်ဘဲ လေ့ကျင့်ရေးကို အာရုံစို်က်သွားရမှာပါ။

အာနယ် ဆလော့ရဲ့ အသင်းဟာ ကလော့ပ် လက်ထက်ကထက် ဘောလုံးကို ပိုကစားခွင့်ပေးတယ်လို့ ကွင်းလယ်လူ ကာတစ်ဂျုံးက ထုတ်ဖော်လာပါတယ်။

လီဗာပူးရဲ့ ကစားဟန်ဟာ ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ ပြောင်းလဲသွားမယ်လို့ ဆိုဘိုစလိုင်က ပြောပါတယ်။ အသင်းသားတွေဟာ နည်းပြအဖွဲ့ရဲ့ လမ်းညွှန်မှုတွေကို သိနားလည်ဖို့ ကြိုးစားအားထုတ်နေကြကြောင်း သူက ပြောပါတယ်။

ဗန်ဒိုက်နဲ့ မိုဆာလာတို့ဟာ လီဗာပူးအသင်းမှာ ကာလရှည် စာချုပ်တွေရဖို့ မရှိတော့ဘဲ အသင်းဘက်က ဒီရာသီ သူတို့ကို ဆက်ထိန်းကာ ရေရှည်အတွက် အစားထိုးမှု လုပ်ဖို့ ပြင်ဆင်နေပါပြီ။

လီဗာပူးသတင်းထောက်ဟောင်း Neil Jones ကို အက်ဆာ လေ့ကျင့်ရေးမှာ မြင်တွေ့နေရသလို သူဟာ လီဗာပူးအသင်းမှာ ရာထူး တစ်ခု ယူသွားပြီလို့ သတင်းထွက်နေပါတယ်။

ဘက်တစ်ကို ပြောင်းသွားတဲ့ ဂိုးသမား အတ်ဒရီယန်ဟာ ဆာလာနဲ့ ကိုစတက်တို့ကို သူတို့ ကျောနံပါတ်ပါ ဘက်တစ်ဂျာစီတွေ လက်ဆောင်ပေးခဲ့ပါတယ်။

လာမယ့်ရာသီ လီဗာပူးကစားကွက်ဟာ ကောင်တာ-ဖိအားပေး ဆိုတာထက် ပိုင်ဆိုင်မှု အသားပေးပြီး ဖိအားပေးနဲ့ တွဲသုံးကာ ကွင်းလယ်လူတွေ ပိုမို အဓိကကျလာမယ်လို့ မှန်းဆမှုတွေ ရှိနေပါတယ်။

နည်းပြအာနယ်က လူငယ်စတား တချို့ကို သဘောကျပေမယ့် အကုန်လုံးကိုတော့ စီနီယာအသင်းအတွက် ဆက်ထိန်းသွားမှာ မဟုတ်ပါဘူး။

ရာသီသစ်အတွက် အသင်းလူစာရင်း များလာတာမျိုး မလိုချင်ဘဲ အရည်အချင်း ပိုရှိလာတာမျိုးကိုပဲ လိုချင်နေတာမို့ ကစားသမား ရှင်းထုတ်မှုတွေကို ဂရုစိုက် ကိုင်တွယ်သွားဖွယ် ရှိပါတယ်။