အမေရိကန်ရာသီကြို ခြေစမ်းပွဲတွေအတွင်း ပထမဆုံးပွဲအဖြစ် ဘက်တစ်နဲ့ ယှဉ်ပြိုင်ရာမှာ လီဗာပူးအသင်းက ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
လီဗာပူးအတွက် တစ်လုံးတည်းသော သွင်းဂိုးကို အတွင်းလူနေရာက နိုင်ယွန်နီ ဖောက်ထွက်ပေးမှုကနေ ဆာလာ၊ ဆိုဘိုတွဲလုံးက တစ်ဆင့် ဆိုဘိုက ဧရိယာထဲ ပြေးဝင် ပိတ်သွင်းပါတယ်။
Salah 🔗 Szobo
— Liverpool FC (@LFC) July 27, 2024
ဒီပွဲအတွင်း လီဗာပူးအသင်းရဲ့ ခံစစ်ဟာ ကွမ်းဆက်ကလွဲရင် ရာသီသစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရနိုင်သူ တစ်ဦးမှ မပါပေမယ့် ကစားဟန် ကျစ်လစ်မှုရှိခြင်းအတွက် ချီးကျူးခံနေရပါတယ်။
ဘက်တစ်နဲ့ပွဲမှာ ပရိသတ်တွေ သဘောကျခြင်း ခံရသူ ၃ ဦးကတော့ ဘရတ်ဒလေ၊ နိုင်ယွန်နီ၊ ဆိုဘိုစလိုင်တို့ပဲ ဖြစ်ပါတယ်။
ကာတစ်ဂျုံးဟာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခဲ့ရပေမယ့် သူ့အခြေအနေ အကောင်းအဆိုး ပြောဖို့ စောပါသေးတယ်လို့ နည်းပြဆလော့က ဆိုပါတယ်။ ကာတစ်ဂျုံးက ဆက်ကစားနိုင်ပေမယ့် နည်းပြအဖွဲ့က လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အာနယ် ဆလော့ရဲ့ နည်းစနစ်မှာ အံဝင်ပါ့မလား စိုးရိမ်ရသူက အန်ဒိုပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်း အတော်လေး တိုးတက်လာမှရမှာဖြစ်ပြီး နိုင်ယွန်နီကလည်း နံပါတ် ၆ နေရာကို ကစားပေးခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြအာနယ်က နံပါတ် ၆ သမား အလိုရှိကြောင်း အရိပ်အမြွက် ထပ်ပြောခဲ့တာကြောင့် အသင်းဘက်က စျေးကွက်ကနေ လူရှာနေဆဲလို့ နားလည်ရပါတယ်။
အငှားမထွက်ခင်မှာ ဘယ်အစွန်လူ အိုဝင်ဘက်ဟာ လီဗာပူးအသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားဖွယ် ရှိပါတယ်။
ပပ်လင်ဒါးဟာ သူ့ရဲ့ ပထမဆုံးသော ဆဲလ်ဘတ်ပွဲစဉ်ကို ၆-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားပါတယ်။
တူရကီကလပ် ဂါလာတာစရေးအသင်းဟာ လီဗာပူးကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ခေါ်ယူလိုတဲ့ အရိပ်အယောင်တွေ ပြသနေပေမယ့် အခြေအနေတွေ တိုးတက်မှု မရှိသေးပါဘူး။
လီဗာပူးအသင်းဟာ စျေးကွက် နောက်ဆုံးရက်တွေမှာ နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို ဝင်ရောက် ကမ်းလှမ်းမယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။