ဘယ်လင်ဟမ်နဲ့ အတွဲများပြီး ​ေ-ာက်တလွဲတွေ လုပ်နေပြီ အပြောခံနေရတဲ့ ထရန့်

လီဗာပူး ညာအစွန်လူ ထရန့်ရဲ့ နွေအားလပ်ရက်မှာ ပေါ့ပေါ့ပါးပါး လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အသင်းပရိသတ်တွေကို အတော်လေး ခေါင်းစားမှုတွေ ဖြစ်နေစေပါတယ်။

ထရန့်တို့ မိသားစုဟာ ဘယ်လင်ဟမ်တို့ မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိထားပြီး ကစားသမား နှစ်ဦးရဲ့ မိခင်တွေဟာ ယူရိုပွဲမှာ အတူ ပွေ့ဖက်ပြီး အောင်ပွဲခံကြတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။

ကစားသမား နှစ်ဦးဟာ ယူရိုအပြီး အားလပ်ရက်ရချိန် အတူတူ အချိန်ကုန်ဆုံးနေကြသလို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Los Angeles က စားသောက်ဆိုင် တစ်ဆိုင်မှာ အတူ သွားရောက် စားသောက်ခဲ့ကြသေးတာပါ။

လီဗာပူးပရိသတ်တွေကို စိတ်ပျက်စေတာကတော့ ထရန့်ဟာ အားလပ်ရက်အတွင်း လည်ပတ်နေချိန် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ရီးရဲလ်ဂျာစီမှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုမှုကို လိုက်လျောခဲ့တာ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကို မြင်ရခြင်းအပေါ် လီဗာပူး ပရိသတ်တွေက ” ထရန့်ရာ။ မင်း ဘယ်လိုတောင် ​ေ-ာက်ရေးမပါတဲ့ ကိစ္စတွေကို လုပ်နေတာလဲ? ငါတို့ အသဲကို ခွဲဖို့ မင်းမကြိုးစားချင်စမ်းပါနဲ့ ” စသဖြင့် တုန့်ပြန်နေကြပါတယ်။

အားလပ်ရက်မှာ ထရန့်နဲ့အတူရှိနေတဲ့ ဘယ်လင်ဟမ်ကလည်း လီဗာပူးဂျာစီတွေမှာ ထရန့်နဲ့အတူ လက်မှတ်ထိုးပေးတာမျိုး ပြန်လုပ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ နက်ရှိုင်းတဲ့ ခင်မင်မှုဟာ အသင်းပရိသတ်တွေကို သောကတွေပေးလာနေပါတယ်။

ထရန့်ရဲ့ စာချုပ်အတွက် အာနယ် ဆလော့ကတော့ ” ကျနော် အဖြေက ပျင်းစရာကောင်းနေမလားပဲ။ ခင်ဗျားတို့ ကြားခဲ့ဖူးတဲ့ အဖြေလိုပါပဲ။ မီဒီယာတွေ့ဆုံမှုမှာ စာချုပ်ကိစ္စ ကျနော် မဖြေပေးနိုင်ပါဘူး။ ကြိုးစားဆဲပေါ့ဗျာ။ ဟုတ်လား ” ဆိုပြီး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။