အန်ဒိုကို ရောင်းဖွယ်ရှိခြင်း၊ မော်တန်အတွက် ကမ်းလှမ်းမှုကို ပယ်ချ၊ ကာတစ်ဂျုံး မပါနိုင်ဘဲ ဂျိုတာ ပြန်ပါလာတဲ့ လေ့ကျင့်ရေးနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ထရန့်ဟာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းမှု မတိုင်ခင် ကြံ့ခိုင်မှုအတွက် တစ်ကိုယ်တည်း လေ့ကျင့်မှုတွေ စတင်နေပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ အန်ဒိုကို ဒီနွေမှာတင် ပြန်လည် ရောင်းချသွားမယ်လို့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ထုတ်ပြောလာပါတယ်။

အန်ဒိုဟာ နည်းပြ အာနယ် ဆလော့ရဲ့ နည်းစနစ်တွေကို လိုက်ပါ အားထုတ်ရာမှာ အတော်လေးကို အံ့မဝင်တာကြောင့် အစားထိုးစရာ ရှာတွေ့ခဲ့ရင် ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီနွေမှာ မာဆေးအသင်းထံက အန်ဒိုအတွက် ယူရို ၁၄ သန်းတန် ကမ်းလှမ်းမှုကို လီဗာပူးအသင်း ရခဲ့ပေမယ့် ပယ်ချခဲ့တာလို့ ရိုမန်နိုက ပြောပါတယ်။

ဘက်တစ်ပွဲအပြီး လီဗာပူးအသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ကွင်းလယ်လူ ကာတစ်ဂျုံး မပါလာပါဘူး။ နိုင်ယွန်နီနဲ့ ဗန်ဒုတ်တို့လို လူငယ်တွေကိုတော့ ပါဝင် လေ့ကျင့်ခွင့် မပေးခဲ့ဘဲ ဘေးမှာပဲ ခေါ်ထားခဲ့ပါတယ်။

တိုက်စစ်မှူး ဂျိုတာဟာ အသင်းရဲ့ လေ့ကျင့်ရေးတွေကို စတင် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။

ဘာဂျ်ဆဲလ်တစ်ဟာ ၁ နှစ်ခွဲလောက် အနားယူခဲ့ရတာမို့ ပုံစံကောင်း ပြန်ပြနိုင်ရေး အချိန်တစ်ခု လိုအပ်မယ်လို့ နည်းပြ ဆလော့က ပြောပါတယ်။

ဗန်ဒန်ဘတ်နဲ့ ကာဗာရိုတို့ကို အပြီးသတ် ခေါ်ယူဖို့ ကလပ်တွေ စိတ်ဝင်စားနေကြပေမယ့် လီဗာပူးတောင်းတဲ့ စျေးနှုန်းကို ပေးမယ့်အသင်းတွေ မပေါ်လာသေးပါဘူး။

စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ ကွင်းလယ်လူ မော်တန်ကို အငှားဖြင့် ခေါ်ယူဖို့ ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို နောက်နှစ်နွေမှာ အလွတ်ဖြင့် ခေါ်ယူနိုင်ဖို့ စတင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို လီဗာပူးအသင်း သဘောကျနေဆဲ ဖြစ်ပေမယ့် ချိတ်ဆက်မယ့် အလားအလာ မမြင်သေးဘူးလို့ ရိုမန်နိုက ပြောပါတယ်။