စီနီယာ ၂ ဦး လေ့ကျင့်ရေး ပူးပေါင်းဖို့ရှိခြင်း၊ အပြောင်းအရွှေ့ ပစ်မှတ်တွေကို ဖော်ထုတ်တဲ့ ရိုမန်နို၊ တစ်ဦးချင်း လေ့ကျင့်ရေးတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့မှာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်နဲ့ ခံစစ်မှူး ကိုနတေးတို့ဟာ လီဗာပူးအသင်းနဲ့ ရာသီကြို လေ့ကျင့်ရေး ပြန်ဝင်ကြမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ်အပြင် ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကိုပါ အားထုတ်လာနေတယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

နယူးကာဆယ် တိုက်စစ်မှူး ဂေါ်ဒန်ဟာ လီဗာပူးပစ်မှတ်စာရင်းထဲ ထိပ်ဆုံးနားက ပါဝင်နေဆဲဖြစ်ကြောင်း ရိုမန်နိုလည်း ထုတ်ပြောလာပါတယ်။

အာနယ် ဆလော့တို့ဟာ အသင်းလိုက် လေ့ကျင့်ရေးတင် မဟုတ်ဘဲ ကစားသမားအလိုက် တစ်ဦးချင်း လေ့ကျင့်ရေးတွေကို သီးသန့် ခွဲထုတ် လေ့ကျင့်မှုတွေ လုပ်ပေးနေပါတယ်။

အမေရိကန်မှာ လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးတွေကို ဆက်တိုက် လိုက်ပါ ကင်းထောက်နေတဲ့ အသင်းသတင်းထောက်တွေက ဆိုဘိုစလိုင်ကို တောင်ပံသမား လေ့ကျင့်ရေးတွေမှာ မြင်တွေ့ရကြောင်းနဲ့ ဘာ့ဂျ်ဆဲလ်တစ်ကိုတော့ ဘောလုံး လက်ခံယူပြီး အမြန်ပြန်ဖြန့်ဝေတဲ့ တစ်ဦးချင်း လေ့ကျင့်ရေးတွေ လုပ်နေတာ မြင်နေရကြောင်း ထုတ်ပြောလာပါတယ်။

ဗန်ဒန်ဘတ်အတွက် ပီအက်စ်ဗီအသင်း ကမ်းလှမ်းမှုဟာ ပေါင် ၈.၄ သန်းတင်ဖြစ်ကာ လီဗာပူးလိုချင်တဲ့ ပေါင် သန်း ၂၀ နဲ့ အများကြီး စျေးကွာနေပါတယ်။

လူငယ်အသင်းမှ နာမည်ကျော် တိုက်စစ်သမား ကန်နာနီယာဟာ ၆ လကြာ အနားယူနေရတဲ့ ဒဏ်ရာကနေ ပြန်သက်သာလာပါပြီ။

အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ လူသစ်ခေါ်ယူရေးအတွက် အီတလီစျေးကွက်ကနေ ကြယ်ပွင့်တွေကို ရှာဖွေနေကြောင်း သတင်းထွက်နေပါတယ်။

ပီအက်စ်ဗီအသင်းနဲ့ နီးစပ်သူတဲ့ သတင်းထောက်တွေကတော့ ကွင်းလယ်လူ ဗာမန်းကို လီဗာပူးဘက်က ချိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေက မမှန်ကန်ပါဘူးလို့ ငြင်းဆန်ပါတယ်။

Main Stand နဲ့ Anfield Road တို့ကို တိုးချဲ့ပြီးနောက်မှာ ကျန်တဲ့ ပွဲကြည့်စင် နှစ်ခုကို ဆက်လက် တိုးချဲ့ဖို့ လက်တလော အစီအစဉ် မရှိသေးဘူးလို့ လီဗာပူးစီအီးအို ဘီလီဟိုဂန်က ပြောပါတယ်။