၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် နွေစျေးကွက် ပိတ်သိမ်းဖို့ဟာ ၃၂ ရက်ဝန်းကျင် ကျန်ရှိမှာဖြစ်ပါတယ်။
ဥရောပထိပ်တန်းလိဂ်ကြီး ၅ ခုထဲက ကလပ်တွေထဲဟာ အနည်းဆုံး ၁ ယောက်စီတော့ လူသစ် ခေါ်ယူထားခဲ့ကြပြီဖြစ်ကာ လူမခေါ်ရသေးတာဟာ လီဗာပူး တစ်သင်းတည်း ကျန်ရှိပါတယ်။
ဒီလို အခြေအနေမှာ လီဗာပူး အပြောင်းအရွှေ့ ကိစ္စတွေအတွက် ရိုမန်နို ထုတ်ပြောလာမှုတွေအား LFCThaDin ဖတ်ရှုသူတွေအတွက် မျှဝေလိုက်ပါတယ်။
– လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်သက်တမ်းတိုးရေးဟာ ဘာမှ မပြောင်းလဲသေးပါဘူး။ လူမှုကွန်ယက်က ဘယ်လင်ဟမ်နဲ့ အတွဲများတဲ့ပိုစ့်တွေအတွက်ကတော့ သူငယ်ချင်းတွေ ပျော်ရွှင်စွာ အနားယူနေတဲ့ သဘောပါပဲ။
– လီဗာပူးအသင်းရဲ့ အန်တိုနီ ဂေါ်ဒန်အပေါ် စိတ်ဝင်စားမှုက အားကောင်းဆဲဖြစ်ပါတယ်။ ဂေါ်ဒန်ဟာ လီဗာပူးဘက်က အတော်လေး သဘောကျရတဲ့ ကစားသမားဖြစ်ပြီး သူတို့ ခေါ်ယူလိုတဲ့ စာရင်းမှာ ဂေါ်ဒန်က ထိပ်ဆုံးနေရာတွေမှာ ပါဝင်နေပါတယ်။ ကစားသမားဘက်ကဆိုရင် ဇွန်လထဲက မီးစိမ်းပြခဲ့တာပါ။
– ဒီနွေမှာ လီဗာပူးအသင်းက ကွင်းလယ်ကို အားဖြည့်လိုနေတယ်ဆိုတာ ကျနော်တို့ အားလုံး သိထားပါတယ်။ သူတို့ ကွင်းလယ်အတွက် လူရှာနေပါတယ်။
– ကျနော်တို့ ထပ်ပြီး ပြောနိုင်တာက လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ်လည်း အားဖြည့်လိုပြီး ခံစစ်မှူးတွေကို စောင့်ကြည့်နေပါတယ်။