ဗန်ဒုတ်အပြင် ခံစစ်သမား ၃ ဦး ထွက်ဖို့ရှိပြီး နေရာ ၃ ခုအတွက် ဩဂုတ်လထဲ လူသစ်ခေါ်မယ့် လီဗာပူး

လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ အခြေအနေတွေအတွက် သတင်းထောက် ဂျိမ်းပီယာ့ဇ်ရဲ့ The Athletic ကနေ ဖော်ထုတ်လာမှုတွေအား LFCThaDin ဖတ်ရှုသူတွေအတွက် ပြန်လည် ဖော်ပြပေးပါမယ်။

– လီဗာပူးအသင်းဟာ နည်းပြဆလော့ရဲ့ အသင်းမှာ တိုးတက်လာနိုင်မယ့် အသက် ၂၄ နှစ်အောက်နဲ့ အတွေ့အကြုံရှိ ကစားသမားမျိုးကို အဓိက ရှာဖွေမှု ပြုလုပ်နေပါတယ်။ လူသစ် ခေါ်ယူမှုဟာ လူစာရင်းအပြည့်ဖြင့် လေ့ကျင့်ပြီး လိုအပ်ချက်တွေ သိနိုင်မယ့် ဩဂုတ်လထဲမှာ ဖြစ်လာပါမယ်။

– လီဗာပူးအသင်းဟာ မာတစ် ထွက်ခွာသွားတဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ ရည်မှန်းထားကာ ခံစစ်မှူးသစ်အပြင် ကွင်းလယ် အတွင်းလူနဲ့ တောင်ပံ တိုက်စစ်သမား အလိုရှိပါတယ်။ ဒါပေမယ့် အသင်းမှာ ငယ်ရွယ်တဲ့ လူစာရင်း ရှိထားတာမို့ အလုပ်များတဲ့ စျေးကွက်တစ်ခု ဖြစ်လာဖို့ မရှိပါဘူး။

– လီဗာပူးအသင်းဟာ စျေးကွက်တွင်းမှာ သင့်လျော်တဲ့ အစားထိုးစရာ ကစားသမား မရှိသေးဘူးလို့ ယူဆခြင်းကြောင့် ကွင်းလယ်လူ အန်ဒိုအတွက် မာဆေးအသင်းရဲ့ ယူရို ၁၄ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အန်ဒိုကို အခြားသော ဘွန်ဒက်လီဂါကလပ် အချို့ကလည်း အလိုရှိနေပါတယ်။

– ပီအက်စ်ဗီအသင်းက ခံစစ်မှူး ဗန်ဒန်ဘတ်အတွက် ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။ လီဗာပူးဘက်က အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးအတွက် ပေါင် သန်း ၂၀ ရလိုနေကာ သူ့အနာဂတ်ကို အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ပါဘူး။

– အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမား ဗန်ဒုတ်ကို ပုံမှန် ပွဲကစားခွင့် ပေးနိုင်မယ့် အသင်းအား လီဗာပူးဘက်က ရှာဖွေပေးနေပါတယ်။ သူ့ကို အငှားခေါ်ယူဖို့ လက်စတာနဲ့ ဆောက်သမ်တန်တို့က စိတ်ဝင်စားနေပါတယ်။

– ခံစစ်မှူး နက်ဖီးလစ်ကို တူရကီကလပ် ထရပ်ဇွန်စပေါအသင်းက ပေါင် ၄ သန်းဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ နက်ဖီးလစ်က အပြီးသတ် စာချုပ်ဖြင့် ပြောင်းရွှေ့မယ် မျှော်လင့်ရပါတယ်။

– ခံစစ်သမားတွေဖြစ်တဲ့ ရွိုင်းယီလီယမ်နဲ့ ကူမတ်တီယိုတို့ ထွက်ခွာဖွယ် ရှိပါတယ်။ ရာသီကြိုမှာ သူတို့ နှစ်ဦးဟာ ယူ-၂၁ အသင်းနဲ့ လေ့ကျင့်နေရပါတယ်။ ဝီလီယမ်ကို လိဂ်ဝမ်းအပြင် တူရကီကလပ်တွေ စိတ်ဝင်စားနေပြီး ကူမတ်တီယိုကတော့ စကော့လိဂ် ဒါမှမဟုတ် ပြင်သစ်လိဂ်ကို ရောက်နိုင်ပါတယ်။

– ကလယ်ဟာအတွက် လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း စျေးသတ်မှတ်ထားပြီး အခုထိ သူ့အတွက် ကမ်းလှမ်းမှု မရသေးပါဘူး။