ကွင်းလယ်လူ ဂရာဗင်ဘက်ချ်နဲ့ ခံစစ်မှူး ကိုနတေးတို့ လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးကို စတင် ပူးပေါင်းကြပြီဖြစ်ပါတယ်။
ဂရာဗင်ဘက်ချ်ကို ကလပ်အချို့က အငှားဖြင့် ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် လီဗာပူးအသင်းက သူ့ကို ဆက်ထိန်းထားဖို့ ရည်ရွယ်ထားပါတယ်။
မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ လီဗာပူးအသင်းအတွက် လူသစ် ခေါ်ယူပေးဖို့ အတော်လေး လှုပ်ရှားနေကြတယ်လို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။
လီဗာပူးအသင်းဟာ ချယ်ဆီး အကယ်ဒမီကြယ်ပွင့် အန်ဂူမိုဟာကို ခေါ်ယူမှုအတွက် ပရီးမီးယားလိဂ်က စစ်ဆေးတဲ့ အဆင့် ၅ ခုလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။
ဂျာမာန်ခံစစ်မှူး ဟမ်းမာက ဗန်ဒိုက်ရဲ့ ဂျာစီကို ဝတ်ဆင်ကာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးဆိုတဲ့ စာသားနဲ့အတူ အင်စတာဂရမ်မှာ ပိုစ့်တင်ခဲ့ပါတယ်။
ဗန်ဒန်ဘတ်ကို ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းကလည်း စိတ်ဝင်စားလာပြီး လီဗာပူး လိုချင်တဲ့ ပေါင် သန်း ၂၀ ထိ ပေးမလား စောင့်ကြည့်ရပါမယ်။
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်ကနေ လူသစ် ၂ ဦးကနေ ၃ ဦး ဝန်းကျင် ခေါ်ယူလိမ့်မယ်လို့ ရိုမန်နိုက ဆိုပါတယ်။
ကွင်းလယ် နံပါတ် ၆ နေရာကို အတော်လေး ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးအပြင် တိုက်စစ်အတွက် ဂေါ်ဒန်ကိုပါ ခေါ်ယူဖို့ ကြိုးစားတာမျိုး ဖြစ်လာနိုင်ကြောင်းလည်း ရိုမန်နိုက သတင်းပေးသွားပါတယ်။
အာဆင်နယ်နဲ့ ခြေစမ်းပွဲကြိုမှာ ကာတစ်ဂျုံး လေ့ကျင့်ရေး ပြန်ဝင်ပါတယ်။ ပွဲနေ့မှာ သူ ပါဝင်ကစားခွင့် ရမရကတော့ နည်းပြအဖွဲ့နဲ့ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။
ဆိုဘိုစလိုင်နဲ့အတူ မြင်တွေ့နေရတဲ့ လီဗာပူးအသင်းရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အဝေးကွင်းဂျာစီဟာ အတော်လေး လူကြိုက်များနေပါတယ်။