တနင်္လာနေ့ည လက်စတာ vs လီဗာပူး ပွဲစဉ်အတွက် ပေါမာဆန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်

ဒီအပတ်မှာ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် လက်စတာကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် အနိုင်ရလဒ် ရယူဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ် ဝါရင့် သုံးသပ်သူဖြစ်တဲ့ ပေါမာဆန်ကတော့ လက်စတာကလည်း တန်းဆင်းဇုန် ရုန်းအား ပြသမှာဖြစ်ကာ လီဗာပူးကို အနိုင်ယူပါလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ပေါမာဆန်ကတော့ ” ဒီအပတ်မှာ လက်စတာအသင်းက တန်းဆင်းဇုန် အခြေအနေကနေ ပြန်ပြီး ရုန်းထွက်လာဖို့ အခွင့်အရေး ရှိနေတယ်လို့ မြင်ပါတယ်။ လီဗာပူးအသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၄ သင်းထဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေပေမယ့် သူတို့ ဘယ်လောက်ပဲ နိုင်ပွဲတွေ ရနေပါစေ မလွယ်တော့ပါဘူး။

အခုချိန်မှာ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို ဖျက်ဆီးနိုင်နေတဲ့ အနေအထားမျိုး မရှိပါဘူး။ ဒီပွဲမှာ လက်စတာအသင်း အခွင့်အရေး ရှိမှာပါ။ လက်တလောက ခံစစ်တော့ မကောင်းပေမယ့် ဒီပွဲမှာ သရေရလဒ် ထွက်ဖို့ မရှိဘဲ သူတို့ အနိုင်ရမှာပါ။

ကျနော်ကတော့ လက်စတာဘက်က ရှိမှာပါ။ ဒီပွဲ ကစားချိန်မှာ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်ကလည်း နိုင်ပွဲတွေ ရထားပြီးလောက်ပါပြီ။ လက်စတာအသင်းက သူ့အနားက အသင်းတွေ ရှုံးပွဲ ရင်ဆိုင်ထားရတာမို့ ဒီပွဲကို အားခဲ ကစားပါလိမ့်မယ်။ လီဗာပူးက ဖိအားတွေ ရှိနေချိန် လက်စတာက အင်ပြည့်အားပြည့် ထည့်ကစားမှာပါ။

လက်စတာရဲ့ ပွဲကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ဖြစ်လာမှာပါ။ ဒီပွဲ မနိုင်ရင် လက်စတာတို့ တန်းဆင်းရမှာ ဖြစ်ပါတယ် ” လို့ သုံးသပ်သွားခဲ့တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ” လက်စတာ ၂-၁ လီဗာပူး ” ပဲ ဖြစ်ပါတယ်။