![gomes gordon 345](https://lfcthadin.com/wp-content/uploads/2024/07/gomes-gordon-345-678x381.jpg)
![](https://lfcthadin.com/wp-content/uploads/2024/08/lfc-ad-banner.jpg)
ဒီနွေမှာ လီဗာပူးအသင်းဟာ ဂေါ်ဒန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ အခြေအနေ ပြောင်းလဲသွားရခြင်း အဓိက အကြောင်းရင်း ထွက်ပေါ်လာပါပြီ။
ဇွန်လအတွင်း နယူးကာဆယ်ဘက်က ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း (PSR) ကို ကိုက်ညီအောင် လုပ်နိုင်ဖို့ ဂေါ်ဒန်ကို ရောင်းချပြီး လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို ပြန်လည် ခေါ်ယူလိုခဲ့ပါတယ်။
ကနဦးမှာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ထိ တောင်းပေမယ့် လီဗာပူးက ငြင်းဆန်ခဲ့တာကြောင့် နောက်ပိုင်းမှာ ဂေါ်ဒန်ကို ပေါင် သန်း ၈၀ နဲ့ ရောင်းထုတ်မယ် စျေးပြင်ပေးခဲ့ပါတယ်။
လီဗာပူးဘက်က ထပ်ပြီး ငြင်းဆန်ခဲ့တဲ့နောက်မှာ နယူးကာဆယ် အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ Darren Eales က ခံစစ်မှူး ဂိုးမက်စ်ကို ပေါင် ၄၅ သန်းနဲ့ ဝယ်ပြီး အခြားတစ်ဖက်မှာ ဂေါ်ဒန်ကို ပေါင် ၇၅ သန်းနဲ့ ပြန်ရောင်းဖို့ လီဗာပူးကို ကမ်းလှမ်းခဲ့ပါတယ်။
စကားပြောမှု အတော်လေး အဆင်ပြေခဲ့သလို ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းနဲ့အတူ ဂျာမနီရောက်နေတဲ့ ကစားသမားတွေက လိုက်ဇစ်မှာ ဆေးစစ်ဖို့ထိ ပြင်ဆင်ထားခဲ့ပါတယ်။
ဂေါ်ဒန်ကလည်း သူ လီဗာပူးကို ပြောင်းတော့မယ်လို့ အင်္ဂလန်အသင်းဖော်တွေအား အသိပေးခဲ့ကာ ဂိုးမက်စ်ကတော့ နယူးကာဆယ်မှာ ပုံမှန်ပွဲကစားခွင့်ရမှာမို့ ကျေနပ်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။
ဒါပေမယ့်လို့ PSR deadline နေ့ဖြစ်တဲ့ ဇွန်လ ၃၀ ရက်မှာ နယူးကာဆယ်က အခြားသော ဖြေရှင်းစရာ နည်းလမ်းတွေ့သွားခဲ့ပြီး လူငယ်တိုက်စစ်သမား မင်တက်ကို ဘရိုက်တန်၊ အန်ဒါဆန်ကို နော်တင်ဟမ် ဖောရက်စ်တို့ထံ ရောင်းချနိုင်တဲ့နောက် ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ် ကိစ္စ ရပ်တန့်သွားတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဂိုးမက်စ်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားဆဲလို့ နားလည်ရပြီး နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို ပြန်လည် ချိတ်ဆက်နိုင်ကြောင်း သတင်းတွေလည်း ကျယ်ပြန့်နေဆဲပဲ ဖြစ်ပါတယ်။