ကွင်းလယ်လူ မာကာဟာ လီဗာပူးအသင်းရဲ့ ရာသီကြိုကို ပြန်ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာတော့ ပါဝင်ဦးမှာ မဟုတ်ပါဘူး။
နယူးကာဆယ်အသင်းဟာ တိုက်စစ်သမား ဂေါ်ဒန်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားတော့မှာဖြစ်သလို လီဗာပူးအသင်းထံက ကမ်းလှမ်းမှု ခပ်မြန်မြန်ရောက်လာမယ် ယူဆနေပါတယ်။
လီဗာပူးအသင်း မကြာခင် လူသစ်ခေါ်ယူမှု လုပ်တော့မယ်လို့ ကလပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ထုတ်လာပါတယ်။
ဂိုးမက်စ်ရဲ့ အနာဂတ်က ဘာမဆိုဖြစ်လာနိုင်ဆဲဖြစ်ကာ ခံစစ်မှူး ကိုယ်တိုင်ကတော့ ပုံမှန် ကစားခွင့်အတွက် အသင်းပြောင်းလိုနေပါတယ်။
ကွင်းလယ်လူ အားလုံးနီးနီးဟာ အာနယ် ဆလော့ရဲ့ နည်းစနစ်တွေကို သဘောကျနေကာ သူတို့တွေ ပိုလုပ်ပြနိုင်မယ့် ကစားဟန်အတွက် ထောက်ခံနေကြပါတယ်။
ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို ခေါ်ယူဖို့ မရှိဘဲ စာချုပ်အခြေအနေ မကောင်းခဲ့ရင် ၂၀၂၅ နွေမှာ အလွတ်ဖြင့်ရမယ့် အချိန်မှ ချဉ်းကပ်ဖွယ် ရှိပါတယ်။
အမေရိကန်ရာသီကြိုမှာ ဗန်ဒန်ဘတ်ရဲ့ ခြေစွမ်းက အထင်ကြီးစရာ ကောင်းနေတာကြောင့် အသင်းရဲ့ စတုတ္ထဦးစားပေး ခံစစ်သမားအဖြစ် ဆက်ထိန်းခံရဖို့ နီးစပ်နေပါတယ်။
တိုင်လာမော်တန်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ကာ ကာဗာရိုနဲ့ ဗန်ဒန်ဘတ်တို့ နှစ်ဦးအတွက်တော့ ကောင်းမွန်တဲ့ ပြောင်းရွှေ့ကြေးရမှ ထွက်ခွင့်ပေးမှာဖြစ်ပါတယ်။
ဆဲလ်ဘတ်ဘက်က ဘော်ဘီကလပ်အတွက် ပေါင် ၆ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးအသင်း ပယ်ချလိုက်ပါတယ်။
ဗန်ဒုတ်ဟာ ဒီနွေမှာ အငှားထွက်ရဖို့ သေချာသလောက် ရှိနေပြီး ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ရောက်ရှိပါမယ်။
အိုဝင်ဘတ်ကို အပြီးသတ်ရောင်းဖို့ အသင်းဘက်က ဆန္ဒရှိပေမယ့် အငှားပဲ ကမ်းလှမ်းခံရဖွယ် ရှိပါတယ်။
လီဗာပူး ယူ-၂၃ အသင်းနဲ့ ခြေစမ်းမယ့်ပွဲကို ဒေါသထွက်နေတဲ့ Las Palmas ဘက်က ဖျက်သိမ်းနိုင်ပါတယ်။ သူတို့က အန်ဖီးမှာ စီနီယာအသင်းနဲ့ ကစားရမယ် ရည်မှန်းထားပေမယ့် လူငယ်အသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားရမယ်ဆိုတာကို သိခဲ့တဲ့နောက် သဘောမကျဖြစ်နေတာပါ။