မာဒီနီရဲ့ ဂျာစီကို ဘတ်ခဲ့တဲ့ ကာရေဂါ၊ တတိယ ကွင်းလယ်လူက စျေးပေါမည်၊ ခံစစ်မှူးကို စာချုပ်သစ်ပေးခြင်းနဲ့ လီဗာပူး သတင်းတိုများ

ဒီရာသီ တန်းမဆင်းရရင် သူ့ရဲ့ကစားသမားဘဝ အကြီးမားဆုံး အောင်မြင်မှုပဲလို့ ဗာဒီက ထုတ်ဖော်လိုက်ပြီး ဒီအပတ် လီဗာပူးနဲ့ပွဲကို ရုန်းကစားမယ့်အကြောင်း ဖော်ထုတ်လာခဲ့ပါတယ်။

၂၀၀၅ ချန်ပီယံလိဂ် ဖိုင်နယ်တုန်းက အေစီမီလန် ကစားသမားတွေဟာ လီဗာပူးကို ရှုံးခဲ့တာကြောင့် စိတ်ပျက်စွာပဲ ဂျာစီချွတ်ပြီး ကွင်းထဲက ထွက်သွားကြစဉ် လူငယ် ကစားသမားတွေကို ဂျာစီ လိုက်ကောက်ခိုင်းပြီး သူကိုယ်တိုင်ကတော့ မာဒီနီရဲ့ ဂျာစီကို အမှတ်တရ ယူထားခဲ့တယ်လို့ ကာရေဂါက ရယ်ရယ်မောမော ထုတ်ပြောလာပါတယ်။

ပေါ်တူဂီဘက်က ကြီးကြီးမားမား ဖော်ပြမှုတွေ ရှိပေမယ့်လို့ အူဂါတီဟာ ဒီနွေမှာ လီဗာပူးရဲ့ ပစ်မှတ်ဖြစ်လာမှာ မဟုတ်ဘူးလို့ သတင်းထောက် Neil Jones က ထုတ်ဖော်လိုက်ပါတယ်။

ယာဂင်ကလော့ပ်ဟာ လာမယ့်ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်မယ်ဆိုတဲ့ ယူဆချက်အပေါ် အခြေခံပြီး သူလုပ်စရာရှိတာတွေကို ဆက်လုပ်နေတာလို့ သတင်းထောက် Chris Bascombe က ပြောပါတယ်။

လီဗာပူးအသင်းရဲ့ ကွင်းလယ် ခေါ်ယူမှု ၂ ခုဟာ စျေးကြီးမှာဖြစ်ပြီး တတိယ ခေါ်ယူမှုကတော့ စျေးနည်းနည်း သက်သာမှာဖြစ်ကာ ဂရာဗင်ဘက်ချ်လို ကစားသမား ဖြစ်လိမ့်မယ်လို့ Paul Joyce က ဆိုပါတယ်။

အယ်လစ္စတာ၊ မေဆန်မောင့်နဲ့ ဂရာဗင်ဘက်ချ်တို့ဟာ လီဗာပူးအသင်း ခေါ်ယူလိုတဲ့ ကွင်းလယ်လူ ၃ ဦးဖြစ်ပြီး သူတို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၇၀ လောက် သုံးရမယ်လို့ ကလပ်ဘက်က တွက်ဆထားပါတယ်။

FWA Player of the Year ဆုအတွက် မဲပေးမှုမှာ ဆာလာဟာ နံပါတ် ၉ နေရာပဲ ချိတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် လီဗာပူးခံစစ်မှူး ကွမ်းဆက်ဟာ ရာသီကြို မတိုင်ခင်မှာပဲ လီဗာပူးအသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။