

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အရေးကြီးဆုံးဖြတ်ချက်တွေကို လာမယ့်အပတ်မှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ရာသီကြို ပြင်ဆင်မှုတွေအတွင်း အမေရိကန် ခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် မနက်ဖြန် မနက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမှာပါ။
အဲ့ပွဲအပြီးမှာ အင်္ဂလန်ကို ပြန်လာမယ့် လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ထရန့်၊ ဂက်ပို အပြင် တောင်အမေရိက ကစားသမားတွေနဲ့ အက်ဆာမှာ ပြန်ပေါင်းစုံမှာဖြစ်ပါတယ်။
ဆီးဗီးလာ၊ လာ့ပါမက်စ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမတိုင်ခင် နည်းပြဆလော့က ဂိုးမက်စ်နဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားပြီး ခံစစ်မှူးရဲ့ အနာဂတ်ကိစ္စကို စကားပြောကြပါမယ်။
လီဗာပူးဘက်ကတော့ ဂိုးမက်စ်ကို မဖြစ်မနေ ထွက်ရမယ်လို့ တွန်းအားပေးမှာ မဟုတ်ဘဲ နည်းပြနဲ့ ကစားသမားကြား ဆွေးနွေးမှု ရလဒ်ကို စောင့်ဆိုင်းမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ ဒီနွေမှာ ဘယ်ကစားသမားတွေကို ရောင်းချရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကို နည်းပြအာနယ် ဆလော့က လုပ်ပေးရမှာဖြစ်ကာ အသင်းဘက်က နားထောင်သွားပါမယ်။
အဲ့ကမှတစ်ဆင့် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ကစားသမား ရောင်းချမှုတွေနဲ့ ပြန်လည် အစားထိုးမှုတွေကို စီစဉ်သွားမှာပါ။
လီဗာပူးအသင်းဟာ ဂိုးမက်စ်ကို ရောင်းထုတ်ဖြစ်ခဲ့ရင် ဗန်ဒန်ဘတ်ကို ဆက်ထိန်းဖွယ်ရှိကာ ကာဗာရိုကိုလည်း ဆက်ထားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။