

ဒီကနေ့ကစလို့ လီဗာပူးအသင်းဟာ နွေစျေးကွက်မှာ အသင်းလိုချင်နေတဲ့ ကွင်းလယ်လူသစ်နဲ့ ခံစစ်သမားသစ် ကိစ္စတွေအတွက် စတင် လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။
ကိုပါအမေရိကန်မှာ ပါဝင် ယှဉ်ပြိုင်ထားပြီး အားလပ်ရက်ရထားဆဲ အယ်လီဆန်ကလွဲလို့ လီဗာပူးအသင်းသား အားလုံး အသင်းနဲ့ ပြန်ပူးပေါင်းပြီဖြစ်ပါတယ်။
နည်းပြဆလော့က ကာဗာရိုဟာ ဒီရာသီမှာ အသင်းအတွက် အသုံးဝင်မယ့် ကစားသမားအဖြစ် ရှုမြင်ထားတာကြောင့် အပြောင်းအရွှေ့မှာ အလျင်စလို ထုတ်ရောင်းခြင်း မလုပ်စေချင်ပါဘူး။
ဂိုးမက်စ်၊ ဒါဝင်တို့နဲ့ နည်းပြဆလော့ စကားပြောဆိုမှု ပြုလုပ်ထားကာ ၂ ဦးလုံးကို ရာသီသစ်မှာ အသင်းအတွက် အဓိကကျတဲ့ ကစားသမားတွေအဖြစ် ဆက်သုံးမယ့်အကြောင်း အသိပေးထားပါတယ်။
လီဗာပူးအသင်းဟာ အသက် ၁၉ နှစ်အရွယ် အာဂျင်တီးနား ဘယ်အစွန်လူ ဟူလီယို ဆိုလာအား ပေါင် ၁၂ သန်းဝန်းကျင်ဖြင့် တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါပြီ။
အသင်းရဲ့ တတိယဂိုးသမား ဂျာရိုစ့်ဟာ ယူနိုက်တက်နဲ့ပွဲမှာ အထင်ကြီးမှုတွေ ရရှိနေပြီး ဇာဗီ အလွန်ဆိုလောက်နီးနီး ဘောလုံးဖြန့်နိုင်သူလို့ ချီးကျူးခံနေရပါတယ်။
ဂရာဗင်ဘက်ချ်က လီဗာပူးမှာ ကစားရတာ ပျော်ရွှင်ကြောင်း ပြောဆိုသလို ပွဲကစားခွင့် ရလိုကြောင်းကိုပါ ထည့်ပြောခဲ့ပါတယ်။
ဆောက်သမ်တန်နည်းပြက သူတို့ ဇန်နဝါရီတုန်းက တစ်ကြိမ် ကာဗာရိုနဲ့ စကားပြောခဲ့ဖူးပြီး အဲ့ကတည်းက တိုက်စစ်သမားကို အရမ်း သဘောကျထားတာပါလို့ ဝန်ခံလာပါတယ်။
လီဗာပူးအသင်းဟာ ကာဗာရိုနဲ့ ဗန်ဒန်ဘတ်တို့ကို ထပ်မံ အငှားချလိုစိတ် မရှိဘဲ များပြားတဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်ခဲ့ရင်နဲ့ ဒီစျေးကွက်မှာ အပြီးသတ် ခေါ်ယူလိုတဲ့ အသင်းရှိမှပဲ ထွက်ခွင့်ပေးမှာပါ။
အငှားချမယ့် ကစားသမားများစာရင်းမှာ ဗန်ဒုတ်၊ ဂေါ်ဒန်အပြင် လူငယ်အချို့ ပါဝင်ထားကာ တေလာ မော်တန်ကိုတော့ အပြီးသတ်ပဲ ရောင်းချလိုနေပါတယ်။
ရာသီကြိုမှာ လီဗာပူးကို ရင်ဆိုင်ကစားခဲ့တဲ့ အာတီတာနဲ့ တန်ဟက်တို့ဟာ နည်းပြဆလော့ရဲ့ နည်းစနစ်က ထိရောက်မှုရှိပြီး ကောင်းမွန်ကြောင်း ဝန်ခံထားကြပါတယ်။